ကာကွယ်ဆေး မထိုးဖို့ လှုံ့ဆော်တဲ့ လင်မယား အဖမ်းခံရ
- By : Kaung Khant
- Category : International-news

ကာကွယ်ဆေး မထိုးဖို့ လှုံ့ဆော်တဲ့ လင်မယား အဖမ်းခံရ
မောင်ယဿ ( သြဂုတ် ၂၄ )
မလေးရှားနိုင်ငံက ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ က အပြင်သွားပြီး စားသောက်ဆိုင်တွေမှာ အစားစားမယ်ဆိုရင် ကိုဗစ် ကာကွယ်ဆေးထိုးပြီးသား ထောက်ခံစာပါမှ စားခွင့်ရမယ်လို့ အမိန့် တစ်ရပ်ထုတ်ပြန်ထားပါတယ်။
စားသောက်ဆိုင်တွေကိုလည်း ထောက်ခံစာမပါတဲ့ စားသုံးသူတွေကို လက်မခံဖို့အတွက် လည်း ညွှန်ကြားချက်ပေးထားပါတယ်။
ဒါပေမဲ့ မလေးစုံတွဲတစ်တွဲက သူတို့တွေ ကာကွယ်ဆေး မထိုးဘဲ စားသောက်ဆိုင်မှာ စားလို့ ရတယ်ဆိုတာကို ဖေ့စ်ဘုတ်ပေါ် တင်လိုက်တဲ့အတွက် မလေးရှား အွန်လိုင်း ရဲတွေက သူတို့ကို စုံစမ်းဖော်ထုတ်ပြီး ဖမ်းဆီး လိုက်ပါတယ်။
သူတို့လင်မယားက စားသောက်ဆိုင်ကိုသွားပြီး ကိုဗစ်လုပ်ငန်းစဉ်တွေကို ဆန့်ကျင်ပြီး စားသောက်ပါတယ် ဆိုတဲ့ ဓာတ်ပုံတွေကို လိုင်းပေါ်တင်ခဲ့ပါတယ်။
အဲ့ဒိပို့စ်ကို သူမက တင်ပြီးနောက်မှာ ပြန်ဖျက်လိုက်ပေမဲ့ လိုင်းသုံးတဲ့သူတွေက သူမတင်တဲ့ ပို့စ်ကို စခရင်ရှော့ ရိုက်ပြီး ပြန်ပြီး တင်တဲ့အတွက်ကြောင့် ရဲတွေက လိုက်လို့ရသွားတာပါ။
အဲ့ဒိစခရင်ရှော့ က မနေ့ကမှ လိုင်းပေါ်မှာ ပြန့်နှံ့သွားတာပါ။ သူတို့ စားသောက်ခဲ့တဲ့ အသားကင် ဆိုင်ကိုလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။
“ စားသောက်ဆိုင်ရှင်ဆိုတာ သူတို့ရဲ့ဖောက်သည်တွေ ကို မငြင်းရဲပါဘူး ။ ပြီးခဲ့တဲ့ ၂ပတ်က ကိုဗစ်ကာကွယ်ဆေး ထိုးထားတဲ့ လက်မှတ်မပါရင် စားသောက်ဆိုင်တွေမှာ စားသောက်ခွင့်မရဘူးလို့ ကြေညာခဲ့တယ်။
ကျမတို့ ကတော့ ကိုယ့်သဘောနဲ့ ကိုယ် စားသောက်ခဲ့ တာပါပဲ” လို့ ပုံစာရေးတင်ခဲ့ပါတယ်။
အဲ့ဒိပို့စ်တင်တော့ ပို့စ်ကို လိုင်းသုံး သူတွေက ကွန်မန့်တွေ ပေးခဲ့သလို အဲ့ဒိပုံတွေကို စခရင်ရှော့ ရိုက်ပြီး ပြန်တင်တဲ့သူတွေကိုလည်း လိုင်းသုံးတဲ့ သူတွေက အမျိုးမျိုး ဝေဖန်ခဲ့ကြပါတယ်။
အမျိုးသားနာလံထရေး စီမံကိန်း ( NRP ) က အဲ့ဒိစုံတွဲကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် ဥပဒေ နဲ့ တရားစွဲ ထားပါတယ်။
ကိုဗစ်ကာကွယ်ရေးဆိုင် ရာအမိန့် ကို ထုတ်ပြန်ပြီးနောက် လူတော်တော်များများ က အဲ့ဒိအမိန့် နဲ့ ပတ်သက်ပြီး လိုက်နာမှု မရှိကြပါဘူး။
စားသောက်ဆိုင်တွေကလည်း ဖောက်သည်တွေ လွတ်သွားမှာစိုး တဲ့အတွက် ကာကွယ်ဆေး ထိုးပြီးကြောင်း ကျန်းမာရေးထောက်ခံစာကို တောင်းယူစစ်ဆေးလေ့မရှိပါဘူး။
အများစုက နားလည်မှုနဲ့ သွားနေတဲ့ အချိန် မှာ အဲ့ဒိလင်မယားက လိုင်ပေါ်တင်လိုက်လို့ အခုတော့ စစ်ဆေးမှုတွေ အလုပ်ခံနေရပါတယ်။
REF: world of buzz ,photo:Credit facebook
Zawgyi
ကာကြယ္ေဆး မထိုးဖို႔ လႈံ႕ေဆာ္တဲ့ လင္မယား အဖမ္းခံရ

ေမာင္ယႆ ( ၾသဂုတ္ ၂၄ )
မေလးရွားႏိုင္ငံက ကိုဗစ္ထိန္းခ်ဳပ္ေရးအဖြဲ႕ က အျပင္သြားၿပီး စားေသာက္ဆိုင္ေတြမွာ အစားစားမယ္ဆိုရင္ ကိုဗစ္ ကာကြယ္ေဆးထိုးၿပီးသား ေထာက္ခံစာပါမွ စားခြင့္ရမယ္လို႔ အမိန႔္ တစ္ရပ္ထုတ္ျပန္ထားပါတယ္။
စားေသာက္ဆိုင္ေတြကိုလည္း ေထာက္ခံစာမပါတဲ့ စားသုံးသူေတြကို လက္မခံဖို႔အတြက္ လည္း ၫႊန္ၾကားခ်က္ေပးထားပါတယ္။
ဒါေပမဲ့ မေလးစုံတြဲတစ္တြဲက သူတို႔ေတြ ကာကြယ္ေဆး မထိုးဘဲ စားေသာက္ဆိုင္မွာ စားလို႔ ရတယ္ဆိုတာကို ေဖ့စ္ဘုတ္ေပၚ တင္လိုက္တဲ့အတြက္ မေလးရွား အြန္လိုင္း ရဲေတြက သူတို႔ကို စုံစမ္းေဖာ္ထုတ္ၿပီး ဖမ္းဆီး လိုက္ပါတယ္။
သူတို႔လင္မယားက စားေသာက္ဆိုင္ကိုသြားၿပီး ကိုဗစ္လုပ္ငန္းစဥ္ေတြကို ဆန႔္က်င္ၿပီး စားေသာက္ပါတယ္ ဆိုတဲ့ ဓာတ္ပုံေတြကို လိုင္းေပၚတင္ခဲ့ပါတယ္။
အဲ့ဒိပို႔စ္ကို သူမက တင္ၿပီးေနာက္မွာ ျပန္ဖ်က္လိုက္ေပမဲ့ လိုင္းသုံးတဲ့သူေတြက သူမတင္တဲ့ ပို႔စ္ကို စခရင္ေရွာ့ ႐ိုက္ၿပီး ျပန္ၿပီး တင္တဲ့အတြက္ေၾကာင့္ ရဲေတြက လိုက္လို႔ရသြားတာပါ။
အဲ့ဒိစခရင္ေရွာ့ က မေန႔ကမွ လိုင္းေပၚမွာ ျပန႔္ႏွံ႔သြားတာပါ။ သူတို႔ စားေသာက္ခဲ့တဲ့ အသားကင္ ဆိုင္ကိုလည္း စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနပါတယ္။
“ စားေသာက္ဆိုင္ရွင္ဆိုတာ သူတို႔ရဲ႕ေဖာက္သည္ေတြ ကို မျငင္းရဲပါဘူး ။ ၿပီးခဲ့တဲ့ ၂ပတ္က ကိုဗစ္ကာကြယ္ေဆး ထိုးထားတဲ့ လက္မွတ္မပါရင္ စားေသာက္ဆိုင္ေတြမွာ စားေသာက္ခြင့္မရဘူးလို႔ ေၾကညာခဲ့တယ္။
က်မတို႔ ကေတာ့ ကိုယ့္သေဘာနဲ႔ ကိုယ္ စားေသာက္ခဲ့ တာပါပဲ” လို႔ ပုံစာေရးတင္ခဲ့ပါတယ္။
အဲ့ဒိပို႔စ္တင္ေတာ့ ပို႔စ္ကို လိုင္းသုံး သူေတြက ကြန္မန႔္ေတြ ေပးခဲ့သလို အဲ့ဒိပုံေတြကို စခရင္ေရွာ့ ႐ိုက္ၿပီး ျပန္တင္တဲ့သူေတြကိုလည္း လိုင္းသုံးတဲ့ သူေတြက အမ်ိဳးမ်ိဳး ေဝဖန္ခဲ့ၾကပါတယ္။
အမ်ိဳးသားနာလံထေရး စီမံကိန္း ( NRP ) က အဲ့ဒိစုံတြဲကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ အေရးေပၚ ဥပေဒ နဲ႔ တရားစြဲ ထားပါတယ္။
ကိုဗစ္ကာကြယ္ေရးဆိုင္ ရာအမိန႔္ ကို ထုတ္ျပန္ၿပီးေနာက္ လူေတာ္ေတာ္မ်ားမ်ား က အဲ့ဒိအမိန႔္ နဲ႔ ပတ္သက္ၿပီး လိုက္နာမႈ မရွိၾကပါဘူး။
စားေသာက္ဆိုင္ေတြကလည္း ေဖာက္သည္ေတြ လြတ္သြားမွာစိုး တဲ့အတြက္ ကာကြယ္ေဆး ထိုးၿပီးေၾကာင္း က်န္းမာေရးေထာက္ခံစာကို ေတာင္းယူစစ္ေဆးေလ့မရွိပါဘူး။
အမ်ားစုက နားလည္မႈနဲ႔ သြားေနတဲ့ အခ်ိန္ မွာ အဲ့ဒိလင္မယားက လိုင္ေပၚတင္လိုက္လို႔ အခုေတာ့ စစ္ေဆးမႈေတြ အလုပ္ခံေနရပါတယ္။
REF: world of buzz ,photo:Credit facebook
No Comments