ကလေး သရုပ်ဆောင်တွေနဲ့ ပတ်သက်ပြီး စိတ်ထဲ မကောင်းဘူးလို့ ဆိုတဲ့ အာဟာရာကူမာရာ

ကလေး သရုပ်ဆောင်တွေနဲ့ ပတ်သက်ပြီး စိတ်ထဲ မကောင်းဘူးလို့ ဆိုတဲ့ အာဟာရာကူမာရာ
Cele News

ကလေး သရုပ်ဆောင်တွေနဲ့ ပတ်သက်ပြီး စိတ်ထဲ မကောင်းဘူးလို့ ဆိုတဲ့ အာဟာရာကူမာရာ

အာဟာရာကူမာရာ ဆိုတာ ဘောလီးဝုဒ်မှာ အောင်မြင်နေတဲ့ မင်းသမီးတစ်လက် မဟုတ်ပေမဲ့ တီဗီ စီရီးတွေနဲ့ ဇာတ်လမ်းတို ကားတွေမှာ သူ့ဟာနဲ့ သူတော့ အောင်မြင်မှုကို ပိုင်ဆိုင်ထားတဲ့ မင်းသမီး တစ်လက်ပါ။

အမိတာဘချန်းလို မင်းသားကြီး ကတောင် သူမရဲ့ သရုပ်ဆောင်ပညာကို ချီးမွမ်းခဲ့ရတယ် ဆိုတာက နည်းတဲ့ အရည်အချင်း မဟုတ်ပါဘူး။ လက်ခ်နောင်လို မြို့ကနေ တက်လာတဲ့ မင်းသမီး တစ်လက်ဆိုတော့ လူ့စရိုက် စုံအောင် နားလည်နေတာ မဆန်းပါဘူး။

ကလေး သရုပ်ဆောင်တွေနဲ့ ပတ်သက်ပြီး စိတ်ထဲ မကောင်းဘူးလို့ ဆိုတဲ့ အာဟာရာကူမာရာ၁

မနေ့က သူမရဲ့ အင်တာဗျူးထဲမှာ ပြောသွားတဲ့စကား က ဘောလီးဝုဒ် ရုပ်ရှင်လုပ်ငန်းကို တော်တော် ရိုက်ခတ် သွားပါတယ်။ အွန်လိုင်းပေါ် မှာ ပြောစရာတွေ တော်တော် ဖြစ်သွားပါတယ်။

အဲ့ဒိ အကြောင်းကတော့ ကလေး သရုပ်ဆောင်တွေနဲ့ ပတ်သက်ပြီး မုန့်ဖိုး ပဲဖိုးလောက်နဲ့ ကလေးတွေကို ရုပ်ရှင် လုပ်ငန်းထဲမှာ ပတ်သက်ခိုင်းနေတာတွေ ရပ်တန့်ဖို့ ကောင်းပြီလို့ ဆိုလိုက်တဲ့ စကားပါပဲ။ “သရုပ်ဆောင် ကလေးတွေနဲ့ ပတ်သက်ပြီး တော်တော် စိတ်မကောင်း ဖြစ်ရပါတယ်။

ကလေး သရုပ်ဆောင်တွေနဲ့ ပတ်သက်ပြီး စိတ်ထဲ မကောင်းဘူးလို့ ဆိုတဲ့ အာဟာရာကူမာရာ၂

အဲ့ဒါကလည်း သူတို့ရဲ့အပြစ် မဟုတ်ပါဘူး ၊ သူတို့မိသားတွေက ဒီလို ဖြစ်လာအောင် လုပ်ဖို့ အတွက် သူတို့ကို မွေးပေး လိုက်သလို ဖြစ်နေလို့ပါပဲ” လို့ ဆိုသွားပါတယ်။

သူမက ရုပ်ရှင်လုပ်ငန်း ပတ်ဝန်းကျင်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းချင် နေသူပါ။ ရုပ်ရှင် ကားတစ်ကား အတွက် သရုပ်ဆောင် ရွေးချယ်ပွဲ လုပ်တိုင်း ကလေးတွေရဲ့ အခန်း ပါလာတယ် ဆိုရင် သူမက တော်တော် စိတ်မကောင်း ဖြစ်ရပါတယ်လို့ ဆိုတယ်။

ကလေး သရုပ်ဆောင်တွေနဲ့ ပတ်သက်ပြီး စိတ်ထဲ မကောင်းဘူးလို့ ဆိုတဲ့ အာဟာရာကူမာရာ၃

“တကယ်ဆိုရင် ကလေးတွေကလည်း ဇာတ်ပို့ ဇာတ်ရံ တွေရဲ့ အခန်းကနေ ပါနေတာပဲ မဟုတ်လား။ သူတို့ကြောင့် ဇာတ် တစ်ဇာတ်ရဲ့ အရှိန်က တက်သွားတာ များပါတယ်။

ဒါပေမဲ့ သူတို့ကို ဘယ်သူကမှ လူကြီး သရုပ်ဆောင်လောက် ကြေးမပေး ကြပါဘူး။ လူကြီး ဇာတ်ပို့ ဇာတ်ရံတွေလောက် ကြေးရတဲ့ ကလေး သရုပ်ဆောင်ဆိုတာ ရာခိုင်နှုန်းနဲ့ တွက်ရင် နည်းနည်းလေးပါ” လို့ ဆိုတယ်။

ကလေး သရုပ်ဆောင်တွေနဲ့ ပတ်သက်ပြီး စိတ်ထဲ မကောင်းဘူးလို့ ဆိုတဲ့ အာဟာရာကူမာရာ၄

ကလေး သရုပ်ဆောင်တွေကလည်း လူကြီး သရုပ်ဆောင်တွေလို အစမ်းလေ့ကျင့်တဲ့ အချိန်မှာ ပင်ပန်း ရတာပါပဲ။ အချို့ ကားတွေမှာ ဆိုရင် ကလေးတွေက စကားတစ်လုံးမှ မပြောရဘဲ သရုပ်ဆောင်ရတာ တွေ ရှိပါတယ်။

အဲ့ဒိမှာ သူတို့ရဲ့ မျက်နှာပေးလေး တစ်ချက်တည်းနဲ့ ဇာတ်ကို သယ်ယူသွား ရတာတွေ ရှိပါတယ်။ အဲ့ဒိ ကလေးတွေ ရတဲ့ အခကြေးငွေ က မုန့်ဖိုး ပဲဖိုးလောက်ပဲ ရှိပါတယ်။ ကျမ ဟောလီးဝုဒ်ကို ရောက်ဖူး ပါတယ်။

ကလေး သရုပ်ဆောင်တွေနဲ့ ပတ်သက်ပြီး စိတ်ထဲ မကောင်းဘူးလို့ ဆိုတဲ့ အာဟာရာကူမာရာ၅

အဲ့ဒိက သရုပ်ဆောင် ရွေးပွဲတွေနဲ့ ယှဉ်လိုက် ရင် တခြားစီပါပဲ။ အဲ့ဒိက ဇာတ်ပို့ ကလေးတစ်ယောက်ကို ဒီမှာလို အလွတ်တန်း ခေါ်တာ မဟုတ်ပါဘူး။ စာချုပ် ချုပ်ပြီးမှ သေသေချာချာ လေ့ကျင့်ပြီး သရုပ်ဆောင်ခိုင်း တာပါ”လို့ ဆိုပါတယ်။

မောင်ယဿ, REF: Bollywood life, photo; biograph

No Comments

Leave a Reply

Your email address will not be published.

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်
Cele News
အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ် အမျိုးသမီးတစ်ယောက်လို့ ပရိသတ်အချို့ သိထားကြတဲ့ မော်ဒယ် စစ်ပိုးအိမ်က သူမက လိင်ခွဲစိတ်ထားသူ Transexual တစ်ဦး ဖြစ်ကြောင်း သူမဘဝ ဖြစ်တည်မှု ကို အားလုံးရှေ့မှာ ဖွင့်ချလိုက်ပါတယ်။ သူမ ရင်သား ခွဲစိတ်နေတဲ့ ပုံအပါအဝင် ငယ်စဉ်ကလေးဘဝ ပုံများပါ မကျန် သူမ ရဲ့ ဖြစ်တည်မှုကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စ် စာမျက်နှာကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။ စစ်ပိုးအိမ် တစ်ယောက် အမျိုးသမီး အစစ်တစ်ယောက် မဟုတ်မှန်း အချို့ပရိသတ်‌တွေ သိကြပေမဲ့ သူမဖွင့်ချတဲ့ ဓါတ်ပုံတွေ‌ကြောင့် ပရိသတ် အချို့က‌တော့ ယခုအချိန်မှ ခွဲစိတ်ထားသူ ဖြစ်မှန်း သိကြတာ …

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
Cele News
မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။ သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။ ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း …

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား
Cele News
ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား ဒီတနင်္လာနေ့က ဟောလီးဝုဒ် ဆယ်လီအဆိုတော် ဘရစ်တနေစပီးယားက သူမရဲ့ ဘော်ဒီဝိတ်ကို ချနိုင်ဖို့ အတွက် ပြင်းထန်တဲ့ အကလေ့ကျင်းခန်းတွေ လုပ်နေတယ် ဆိုတာကို ပြဖို့အတွက် သူမရဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပါတယ်။ “ကျမ ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ညစ်လွန်းလို့ ဒီကာလအတွင်းမှာ ဝိတ်ချနိုင်ဖို့ အက လေ့ကျင့်ခန်းတွေကို ပြင်းပြင်း ထန်ထန် လုပ်နေပါတယ်။ ဒီကပ်ရောဂါ ကာလကြီးကတော့ ကျမအတွက် သိပ်ခက်ခဲတဲ့ အချိန်ပါပဲ။ သွားစရာ နေရာတွေလည်း မရှိဘူး။ အားလုံးကလည်း ပိတ်ထားတယ်။ ကျမကတော့ ဘုရားဆီမှာ ဆုတောင်း နေတာက အရသာသိပ်ရှိတဲ့ အစားအစာတွေ မစားရပါစေနဲ့ ဆိုပြီး တောင်းနေရတယ်။ …