ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ ဆိုတယ်။

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်1

“ လူတွေက ရေသန့် ဆိုတာတွေကို သောက်သုံးမှု များလာပြီး ဖလူအိုရိုက်တွေ ပါတဲ့ အများသုံးရေတွေကို သောက်သုံးမှု နည်းလာတာ ကလေးတွေရဲ့ သွားကျန်းမာရေးကို ပိုမိုဆိုးဝါး လာစေပါတယ်။

ဒီကနေ့ခေတ်လို ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်းမှာ သွားဆေးခန်းတွေနဲ့ ပြည်သူတွေ အထိအတွေ့ နည်းလာချိန်မှာ ကလေးတွေရဲ့ သွားကျန်းမာရေးအတွက် ဖလူအိုရိုက်ပါတဲ့ အများသုံးရေတွေကို သောက်သုံးသင့်ပါတယ်” လို့ သူက ဆိုပါတယ်။

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်2

သူတို့က သုတေသနကို နယူးဇီလန်က ၃နှစ်ခွဲ နဲ့ ၄နှစ်ခွဲကြား ကလေးသူငယ် ၂သိန်း ၇သောင်းကျော်ကို ဖလူအိုရိုက် ပါတဲ့ရေ သောက်သုံးစေပြီး စမ်းသပ်ခဲ့တာပါ။ ဖလူအိုရိုက်ပါတဲ့ အများသုံးရေ ရရှိတဲ့ ဒေသက ကလေးတွေနဲ့ အဲ့ဒိဓာတ်ပေါင်း မရတဲ့ ဒေသက ကလေးတွေကို နှိုင်းယှဉ် လေ့လာခဲ့ပါတယ်။

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်3

ဖလူအိုရိုက်ရေ သောက်သုံးခွင့်ရတဲ့ ကလေးတွေက မရတဲ့ ကလေးတွေထက် သွားတွင်း အခေါင်းပေါက်တွေဖြစ်ခြင်း အများကြီး သက်သာတာကို တွေ့ခဲ့ရပါတယ်။

“ငယ်သွားတွေမှာ စောစောစီးစီး သွားပိုးစားပြီး အကြွေစောတာက အဲ့ဒိဓာတ်ပေါင်းနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ဒါ့အပြင် သွားတွေ ကြွေပြီး နာကျင်ကိုက်ခဲမှု ခံရတာက ပိုဆိုးပါတယ်။

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်4

နောက်ပြီးတော့ ဆေးခန်းကို သွားပြရတော့ ပိုပြီး ကုန်ကျစရိတ်တွေ တက်လာပါတယ်။ ကလေးတွေ စိတ်ဝေဒနာ ခံစားရတာ ပိုတာပဲ အဖက်တင်ပါတယ်”လို့ သူက ဆိုတယ်။ ဒါကြောင့် ဖလူအိုရိုက်ပါတဲ့ အများသုံး ရေတွေကို ကလေးတွေကို တိုက်သင့်ပါတယ်လို့ သူက အကြံပြုထားပါတယ်။

မောင်ယဿ, REF: UPI, Photo; UPI

Zawgyi

ကေလးေတြရဲ႕သြား ပိုမို ေကာင္းမြန္ေအာင္ ဖလူအို႐ိုက္ ဓာတ္ေပါင္း ပါတဲ့ေရ ေသာက္သင့္

ဖလူအို႐ိုက္လို႔ ေခၚတဲ့ ဖလိုရင္ဓာတ္ေပါင္းေတြကို ကေလးေတြ ေသာက္တဲ့ ေရထဲမွာ ထည့္ေပး ထားရင္ သြားေတြမွာ ျဖစ္ေပၚေနတဲ့ အေခါင္းေပါက္ေတြကို ေလွ်ာ့ခ် ေပးႏိုင္တယ္လို႔ နယူဇီလန္က သုေတသီေတြက သူတို႔ရဲ႕ သုေတသန အစီရင္ခံစာထဲမွာ ေဖာ္ျပခဲ့ပါတယ္။

ကယ္လီဖိုးနီးယားတကၠသိုလ္ရဲ႕ ေက်ာင္းခြဲ တစ္ခုျဖစ္တဲ့ ဆန္ဖရန္စၥကို သြားေက်ာင္းက အမ်ားျပည္သူ က်န္းမာေရးဆိုင္ရာ ဌာနမႉးျဖစ္သူ ေဒါက္တာေဟာင္းဝစ္ပိုလစ္ကလည္း ဖူလူအို႐ိုက္ ပါတဲ့ သြားတိုက္ေဆးေတြကို မိသားစုေတြက က်ယ္က်ယ္ျပန႔္ျပန႔္ သုံးေနေပမဲ့ တကယ့္လက္ေတြ႕ အက်ိဳးရွိၿပီး ထိေရာက္တဲ့ ဖလူအို႐ိုက္ဓာတ္ေပါင္း ေပ်ာ္ရည္ေတြကို ေသာက္သုံးမႈ နည္းလာတာကို ေတြ႕ရပါတယ္ လို႔ ဆိုတယ္။

“ လူေတြက ေရသန႔္ ဆိုတာေတြကို ေသာက္သုံးမႈ မ်ားလာၿပီး ဖလူအို႐ိုက္ေတြ ပါတဲ့ အမ်ားသုံးေရေတြကို ေသာက္သုံးမႈ နည္းလာတာ ကေလးေတြရဲ႕ သြားက်န္းမာေရးကို ပိုမိုဆိုးဝါး လာေစပါတယ္။

ဒီကေန႔ေခတ္လို ကိုဗစ္-၁၉ ကပ္ေရာဂါ ကာလအတြင္းမွာ သြားေဆးခန္းေတြနဲ႔ ျပည္သူေတြ အထိအေတြ႕ နည္းလာခ်ိန္မွာ ကေလးေတြရဲ႕ သြားက်န္းမာေရးအတြက္ ဖလူအို႐ိုက္ပါတဲ့ အမ်ားသုံးေရေတြကို ေသာက္သုံးသင့္ပါတယ္” လို႔ သူက ဆိုပါတယ္။

သူတို႔က သုေတသနကို နယူးဇီလန္က ၃ႏွစ္ခြဲ နဲ႔ ၄ႏွစ္ခြဲၾကား ကေလးသူငယ္ ၂သိန္း ၇ေသာင္းေက်ာ္ကို ဖလူအို႐ိုက္ ပါတဲ့ေရ ေသာက္သုံးေစၿပီး စမ္းသပ္ခဲ့တာပါ။ ဖလူအို႐ိုက္ပါတဲ့ အမ်ားသုံးေရ ရရွိတဲ့ ေဒသက ကေလးေတြနဲ႔ အဲ့ဒိဓာတ္ေပါင္း မရတဲ့ ေဒသက ကေလးေတြကို ႏႈိင္းယွဥ္ ေလ့လာခဲ့ပါတယ္။

ဖလူအို႐ိုက္ေရ ေသာက္သုံးခြင့္ရတဲ့ ကေလးေတြက မရတဲ့ ကေလးေတြထက္ သြားတြင္း အေခါင္းေပါက္ေတြျဖစ္ျခင္း အမ်ားႀကီး သက္သာတာကို ေတြ႕ခဲ့ရပါတယ္။

“ငယ္သြားေတြမွာ ေစာေစာစီးစီး သြားပိုးစားၿပီး အေႂကြေစာတာက အဲ့ဒိဓာတ္ေပါင္းနဲ႔ အမ်ားႀကီး သက္ဆိုင္ပါတယ္။ ဒါ့အျပင္ သြားေတြ ေႂကြၿပီး နာက်င္ကိုက္ခဲမႈ ခံရတာက ပိုဆိုးပါတယ္။

ေနာက္ၿပီးေတာ့ ေဆးခန္းကို သြားျပရေတာ့ ပိုၿပီး ကုန္က်စရိတ္ေတြ တက္လာပါတယ္။ ကေလးေတြ စိတ္ေဝဒနာ ခံစားရတာ ပိုတာပဲ အဖက္တင္ပါတယ္”လို႔ သူက ဆိုတယ္။ ဒါေၾကာင့္ ဖလူအို႐ိုက္ပါတဲ့ အမ်ားသုံး ေရေတြကို ကေလးေတြကို တိုက္သင့္ပါတယ္လို႔ သူက အႀကံျပဳထားပါတယ္။

ေမာင္ယႆ, REF: UPI, Photo; UPI

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …

ဂႏိုေရာဂါ (ဆီးလမ္းေၾကာင္း အတြင္း ၿပီတည္နာ ေပါက္ျခင္း) ကို ေသာက္ေဆးနဲ႔တင္ ေပ်ာက္ၿပီ
Health
ဂနိုရောဂါ (ဆီးလမ်းကြောင်း အတွင်း ပြီတည်နာ ပေါက်ခြင်း) ကို သောက်ဆေးနဲ့တင် ပျောက်ပြီ

ဂနိုရောဂါ (ဆီးလမ်းကြောင်း အတွင်း ပြီတည်နာ ပေါက်ခြင်း) ကို သောက်ဆေးနဲ့တင် ပျောက်ပြီ ဂနိုရီးယာ (ဆီးလမ်းကြောင်း အတွင်း ပြီတည်နာပေါက်ခြင်း) ရောဂါပိုးက ကူးစက်ရောဂါပိုးတွေထဲ ဆေးမတိုးတဲ့ ကူးစက်ရောဂါဖြစ်လို့ ကုသရန်ခက်ခဲတဲ့ ရောဂါဖြစ်ပါတယ်။ အခုတော့ အဲ့ဒိဂနိုရီးယားကို သောက်ဆေး တစ်မျိုးတည်းနဲ့ ဆေးရုံ ဆေးခန်း သွားစရာမလိုဘဲ ပျောက်ကင်းတဲ့ နည်းသစ်တစ်ခု တွေ့ရှိခဲ့ပါတယ်လို့ သောကြာနေ့ထုတ် ကူးစက်ရောဂါပိုး စမ်းသက်ချက် လေ့လာမှု စာတမ်းမှာ ပါရှိလာပါတယ်။ လိင်ဆက်ဆံခြင်းကြောင့် အဖြစ်များတဲ့ ကူးစက် ရောဂါကတော့ ဂနိုရောဂါ ပါပဲ။ အဲ့ဒိ ရောဂါပိုးက ဆီးလမ်းကြောင်းထဲမှာ အနာတွေ ဖြစ်စေ တတ်ပါတယ်။ ဆီးထဲမှာ အဖြူနစ်တွေ ပါလာတတ်တာတွေ၊ ဆီးလမ်းချောင်း …