ကမ်းလွန်ရေနံတွင်း ပိုက်လိုင်းပေါက်လို့ သမုဒ္ဒရာရေပြင်ပေါ်မှာ မီးမျက်လုံးကြီးပေါ်

ကမ်းလွန်ရေနံတွင်း ပိုက်လိုင်းပေါက်လို့ သမုဒ္ဒရာရေပြင်ပေါ်မှာ မီးမျက်လုံးကြီးပေါ်
International-news

ကမ်းလွန်ရေနံတွင်း ပိုက်လိုင်းပေါက်လို့ သမုဒ္ဒရာရေပြင်ပေါ်မှာ မီးမျက်လုံးကြီးပေါ်

ကမ်းလွန်ရေနံတွင်း ပိုက်လိုင်းပေါက်လို့ သမုဒ္ဒရာရေပြင်ပေါ်မှာ မီးမျက်လုံးကြီးပေါ်

မောင်ယဿ ( ဇူလိုင် ၃ )

မနေ့က မနက်အစောပိုင်းမှာ မက္ကဆီကို ယူကာတန် ကျွန်းဆွယ် အနောက်ပိုင်း သမုဒ္ဒရာ ထဲကကမ်းလွန် ရေနံတွင်းတူးစင် တစ်စင်ရဲ့ ရေအောက် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားရာက သမုဒ္ဒရာရေပြင်ထက်မှာ မျက်လုံးပုံစံ မီးလောင်ပြင်ကြီး ဖြစ်ခဲ့လို့ ငရဲဂိတ်၀ ဆိုပြီး နာမည်ပေးခံလိုက်ရပါတယ်။ အဲ့ဒိအကြောင်းက အွန်လိုင်းပေါ်မှာပျံ့နှံ့သွားလို့ လူပြောသူပြော များခဲ့ပါတယ်။

အဲ့ဒိကမ်းလွန်ရေနံစင်ကမီးလောင်ကျွမ်းမှု ဗီဒီယိုဖိုင် အွန်လိုင်းပေါ်မှာ ပြန့်နှံသွားတာနဲ့ ပတ်သက်ပြီး အစိုးရပိုင်းက ရေနံတူး ကုမ္ပဏီ ပရီမက်စ်ကို ပြစ်တင်မှုပြုထားပါတယ်။

တောက်ပလွန်းတဲ့ လိမ္မော်ရောင်း မီးကွင်းကြီးက ပင်လယ်ရေအထက်ကို ဘွားကနဲပေါ်ထွက်လာပါတယ်။ အဲ့ဒိမီးကွင်းကြီးက ရုပ်ရှင်ကားတွေထဲက ပုံစံမျိုး မီးမျက်လုံး နဲ့ အရမ်းကို တူပါတယ်။

ကမ်းလွန်ရေနံတွင်း ပိုက်လိုင်းပေါက်လို့ သမုဒ္ဒရာရေပြင်ပေါ်မှာ မီးမျက်လုံးကြီးပေါ်

အဲ့ဒိမီးမျက်လုံးကြီးက ရေနံတူးစင်နဲ့ မနီးမဝေး မှာပေါ်လာတာပါ။ အနည်းဆုံး ၅နာရီလောက်ကြာအောင်ပေါ် ခဲ့တယ်လို့ ပရီမက်စ်က ဆိုပါတယ်။

ရေနံတွင်းတူးစင်နဲ့ အလံပြသဘောၤကြားက ပိုက်လိုင်းပေါက်ပြီး သမုဒ္ဒရာရေပြင်ပေါ်မှာ မီးတွေလောင်ခဲ့ပေမဲ့ ရေနံစိမ်းတွေ ဖိတ်လွှင့်စင် ခြင်း မရှိခဲ့ဘူးလို့လည်းဆိုပါတယ်။

မီးမျက်လုံးကြီးက မနက်၅နာရီခွဲလောက်မှာ စဖြစ်ပြီး မနက် ၁၀ နာရီ ကျော်မှာ မီးငြိမ်းသွားပါတယ်.။ ထိခိုက်ဒဏ်ရာရသူ စာရင်းမရသေးပါဘူး။.

ဖြစ်စဉ်အသေးစိတ်ကို ကုမ္ပဏီက စုံစမ်းဆဲဖြစ်ပြီး မက္ကဆီကို ရေနံထုတ်လုပ်မှု ဘေးကင်းရေးဆိုင်ရာ အဖွဲ့ ဥက္ကဌ အိန်ဂျယ်ကာရီဇယ် က “ ကျမတို့ သိရသလောက်ကတော့ ၁ပေ အချင်းရှိတဲ့ပိုက်လိုင်းရဲ့ အဆို့ရှင် တစ်ခုပွင့်သွားတာလို့ အကြမ်းဖျဉ်းသိရပါတယ်။ ရေနံဖိတ်စင်မှုတွေ ရေနံကွက်တွေ ဖြစ်ပေါ်မှုကတော့ မရှိပါဘူး” လို့ ဆိုပါတယ်။

ကမ်းလွန်ရေနံတွင်း ပိုက်လိုင်းပေါက်လို့ သမုဒ္ဒရာရေပြင်ပေါ်မှာ မီးမျက်လုံးကြီးပေါ်2

အဲ့ဒိရေနံတွင်းတူးစင်ရဲ့ နာမည်က ကူမာလော့ဖတ်ဖြစ်ပြီး ပရီမတ်စ်ရေနံကုမ္ပဏီရဲ့ ၄၀%သောရေနံစိမ်းတွေကို အဲ့ ဒိစင်က ထွက်တာပါ။ တစ်ရက်ကို ရေနံစိမ်းစည် ၁.၇ သန်းလောက်ထွက်ပါတယ်။

တွင်းတူစင်ရဲ့ တာဝန်ခံတစ်ဦးကတော့ ကျနော်တို့ မိုးကြိုးတွေပစ် မိုးတွေသည်းတာကိုကြုံ နေရပါတယ်။ မနက်စောစော ကျနော့်တာဝန်ချိန်အတွင်းမှာပဲရေပြင်ထက်မှာ မီးကွင်းကြီးပေါ်လာတာပါပဲ။

ကျနော်တို့ နိုက်ထရိုဂျင်ဓာတ်ငွေ့တွေသုံးပြီး မီးငြိမ်းသက်နိုင်အောင်ကြိုးစားခဲ့ပါတယ်” လို့ ဆိုပါတယ်။ ကုမ္ပဏီတာဝန်ရှိသူတွေကတော့ လောလောဆယ် ဘာမှ အဖြေမပေးနိုင်သေးပါဘူးလို့ သတင်းစာရှင်းလင်းပွဲ မှာဆိုထားပါတယ်။

REF: ,Reuter Photo: Credit world of buzz

Zawgyi

ကမ္းလြန္ေရနံတြင္း ပိုက္လိုင္းေပါက္လို႔ သမုဒၵရာေရျပင္ေပၚမွာ မီးမ်က္လုံးႀကီးေပၚ

ေမာင္ယႆ ( ဇူလိုင္ ၃ )

မေန႔က မနက္အေစာပိုင္းမွာ မကၠဆီကို ယူကာတန္ ကြၽန္းဆြယ္ အေနာက္ပိုင္း သမုဒၵရာ ထဲကကမ္းလြန္ ေရနံတြင္းတူးစင္ တစ္စင္ရဲ႕ ေရေအာက္ ဓာတ္ေငြ႕ပိုက္လိုင္းေပါက္ၿပီး မီးေလာင္ကြၽမ္းမႈျဖစ္ပြားရာက သမုဒၵရာေရျပင္ထက္မွာ မ်က္လုံးပုံစံ မီးေလာင္ျပင္ႀကီး ျဖစ္ခဲ့လို႔ ငရဲဂိတ္၀ ဆိုၿပီး နာမည္ေပးခံလိုက္ရပါတယ္။ အဲ့ဒိအေၾကာင္းက အြန္လိုင္းေပၚမွာပ်ံ႕ႏွံ႔သြားလို႔ လူေျပာသူေျပာ မ်ားခဲ့ပါတယ္။

အဲ့ဒိကမ္းလြန္ေရနံစင္ကမီးေလာင္ကြၽမ္းမႈ ဗီဒီယိုဖိုင္ အြန္လိုင္းေပၚမွာ ျပန႔္ႏွံသြားတာနဲ႔ ပတ္သက္ၿပီး အစိုးရပိုင္းက ေရနံတူး ကုမၸဏီ ပရီမက္စ္ကို ျပစ္တင္မႈျပဳထားပါတယ္။

ေတာက္ပလြန္းတဲ့ လိေမၼာ္ေရာင္း မီးကြင္းႀကီးက ပင္လယ္ေရအထက္ကို ဘြားကနဲေပၚထြက္လာပါတယ္။ အဲ့ဒိမီးကြင္းႀကီးက ႐ုပ္ရွင္ကားေတြထဲက ပုံစံမ်ိဳး မီးမ်က္လုံး နဲ႔ အရမ္းကို တူပါတယ္။

အဲ့ဒိမီးမ်က္လုံးႀကီးက ေရနံတူးစင္နဲ႔ မနီးမေဝး မွာေပၚလာတာပါ။ အနည္းဆုံး ၅နာရီေလာက္ၾကာေအာင္ေပၚ ခဲ့တယ္လို႔ ပရီမက္စ္က ဆိုပါတယ္။

ေရနံတြင္းတူးစင္နဲ႔ အလံျပသေဘာၾကၤားက ပိုက္လိုင္းေပါက္ၿပီး သမုဒၵရာေရျပင္ေပၚမွာ မီးေတြေလာင္ခဲ့ေပမဲ့ ေရနံစိမ္းေတြ ဖိတ္လႊင့္စင္ ျခင္း မရွိခဲ့ဘူးလို႔လည္းဆိုပါတယ္။

မီးမ်က္လုံးႀကီးက မနက္၅နာရီခြဲေလာက္မွာ စျဖစ္ၿပီး မနက္ ၁၀ နာရီ ေက်ာ္မွာ မီးၿငိမ္းသြားပါတယ္.။ ထိခိုက္ဒဏ္ရာရသူ စာရင္းမရေသးပါဘူး။.

ျဖစ္စဥ္အေသးစိတ္ကို ကုမၸဏီက စုံစမ္းဆဲျဖစ္ၿပီး မကၠဆီကို ေရနံထုတ္လုပ္မႈ ေဘးကင္းေရးဆိုင္ရာ အဖြဲ႕ ဥကၠဌ အိန္ဂ်ယ္ကာရီဇယ္ က “ က်မတို႔ သိရသေလာက္ကေတာ့ ၁ေပ အခ်င္းရွိတဲ့ပိုက္လိုင္းရဲ႕ အဆို႔ရွင္ တစ္ခုပြင့္သြားတာလို႔ အၾကမ္းဖ်ဥ္းသိရပါတယ္။ ေရနံဖိတ္စင္မႈေတြ ေရနံကြက္ေတြ ျဖစ္ေပၚမႈကေတာ့ မရွိပါဘူး” လို႔ ဆိုပါတယ္။

အဲ့ဒိေရနံတြင္းတူးစင္ရဲ႕ နာမည္က ကူမာေလာ့ဖတ္ျဖစ္ၿပီး ပရီမတ္စ္ေရနံကုမၸဏီရဲ႕ ၄၀%ေသာေရနံစိမ္းေတြကို အဲ့ ဒိစင္က ထြက္တာပါ။ တစ္ရက္ကို ေရနံစိမ္းစည္ ၁.၇ သန္းေလာက္ထြက္ပါတယ္။

တြင္းတူစင္ရဲ႕ တာဝန္ခံတစ္ဦးကေတာ့ က်ေနာ္တို႔ မိုးႀကိဳးေတြပစ္ မိုးေတြသည္းတာကိုႀကဳံ ေနရပါတယ္။ မနက္ေစာေစာ က်ေနာ့္တာဝန္ခ်ိန္အတြင္းမွာပဲေရျပင္ထက္မွာ မီးကြင္းႀကီးေပၚလာတာပါပဲ။

က်ေနာ္တို႔ ႏိုက္ထ႐ိုဂ်င္ဓာတ္ေငြ႕ေတြသုံးၿပီး မီးၿငိမ္းသက္ႏိုင္ေအာင္ႀကိဳးစားခဲ့ပါတယ္” လို႔ ဆိုပါတယ္။ ကုမၸဏီတာဝန္ရွိသူေတြကေတာ့ ေလာေလာဆယ္ ဘာမွ အေျဖမေပးႏိုင္ေသးပါဘူးလို႔ သတင္းစာရွင္းလင္းပြဲ မွာဆိုထားပါတယ္။

REF: Reuter Photo: world of buzz

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …