ကမ္ဘာ့ နည်းပညာ သူဌေးကြီး ၄ဦးကို အမေရိကန် ကွန်ဂရက်က ကြားနာစစ်ဆေး

International-news

ကမ္ဘာ့ နည်းပညာ သူဌေးကြီး ၄ဦးကို အမေရိကန် ကွန်ဂရက်က ကြားနာစစ်ဆေး

ဗုဒ္ဓဟူးနေ့က အမေဇုံ ၊ အက်ပဲလ် ၊ ဖေ့စ်ဘုတ် နဲ့ ဂူဂဲလ် ကုမ္မဏီတွေရဲ့ အမေရိကန် နည်းပညာသူဌေးကြီး ၄ဦးကို အမေရိကန် ကွန်ဂရက်က ကြားနာ စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ကွန်ဂရက်က အဲဒိ သူဌေးတွေရဲ့ ဈေးကွက်ပိုင်း ဆိုင်ရာ ယှဉ်ပြိုင်မှု နည်းဗျူဟာတွေ က သမာသမတ်ရှိ မရှိ မေးမြန်းခဲ့တာပါ။

ကြာနာ စစ်ဆေးမှု အစပထမပိုင်းမှာ အမေဇုံကုမ္ပဏီ သူဌေး ဂျက်ဘီဇော့ ၊ အက်ပဲလ် ကုမ္ပဏီ သူဌေး တင်မ်ကွတ် ၊ ဖေ့စ်ဘုတ်ကုမ္ပဏီသူဌေး ဇူကာဘတ် နဲ့ ဂူဂဲလ် အမှုဆောင်အရာရှိချုပ် ဆန်ဒါပီချိုင်း တို့က ကွန်ဂရက်က အမတ်တွေရဲ့ အချက်အလက်တွေနဲ့ တင်ပြ လာမှုအပေါ် တော်တော် ကြောက်ရွံ့ ခဲ့ကြရပါတယ်။

အမတ်တွေက အမေဇုံ ကုမ္ပဏီက သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ရောင်းတဲ့အခါမှာ တတိယလူ အရောင်းသမား (ကြားပွဲစား) ခံပြီး အရောင်းအဝယ် လုပ်တာနဲ့ ပတ်သက်ပြီး ဈေးကွက် မသမာမှု ကို ထုတ်ဖော်ခဲ့ပါတယ်။

ကမ္ဘာ့ နည်းပညာ သူဌေးကြီး ၄ဦးကို အမေရိကန် ကွန်ဂရက်က ကြားနာစစ်ဆေး1

အဲ့ဒိအချက် က အမေဇုံကို ကမ္ဘာထိပ်တန်း ဈေးကွက် တစ်ခု ဖြစ်သွားစေခဲ့တာ မှန်ပေမဲ့ စားသုံးသူအပေါ် သစ္စာဖောက်မှု ဖြစ်နေတာပါ။ စားသုံးသူက ကုမ္ပဏီဈေးနဲ့ တိုက်ရိုက် မရဘဲ ပွဲစားခ ပိုပေးနေရလို့ပဲ ဖြစ်ပါတယ်။

အက်ပဲလ်ကုမ္ပဏီကို အမတ်တွေက မေးခွန်းနည်းနည်းပဲ ထုတ်ခဲ့ပေမဲ့ သူတို့မေးခွန်းက အက်ပဲလ် ကုန်ပစ္စည်းတွေကို ထိန်းချုပ်ထားတဲ့ ကွန်ပြူတာကိုင်သူတွေရဲ့ မရိုးဖြောင့်မှုကို ပေါ်လွင် သွားစေခဲ့ပါတယ်။

အွန်လိုင်းပေါ်မှာ ဈေးကွက်တွေကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ အဲ့ဒိ ကုမ္ပဏီကြီးတွေရဲ့ နည်းဗျူဟာတွေကို ကွန်ဂရက် အမတ်တွေက နှစ်စဉ် စာရင်းပြုစုပြီးတော့ မှတ်တမ်း တင်ထားပါတယ်။ အဲ့ဒိလိုမျိုး စုံစမ်းစစ်ဆေး မေးမြန်းမှု တွေကို ၁၉၉၈ ခုနှစ်တုန်းကလည်း ကမ္ဘာ့အချမ်းသာဆုံးသူဌေးဖြစ်သူ မိုက်ခရိုဆော့ဖ် သူဌေး ဘီလ်ဂိတ်ကိုလည်း လုပ်ခဲ့ဖူးပါတယ်။

ကမ္ဘာ့ နည်းပညာ သူဌေးကြီး ၄ဦးကို အမေရိကန် ကွန်ဂရက်က ကြားနာစစ်ဆေ3း

ဖေ့စ်ဘုတ်ကိုလည်း အင်စဂရမ် ကုမ္ပဏီကို ဝယ်ယူမှုနဲ့ ပတ်သက်ပြီး မရိုးသားမှုတွေ ရှိနေကြောင်းနဲ့ အင်စတာဂရမ်က ဖောက်သည်တွေအတွက် အခက်အခဲတွေ ဖြစ်စေပြီး လူမှုအဖွဲ့အစည်းမှာ ခြိမ်းခြောက်မှုတွေ ပိုများလာတယ်လို့ စွတ်စွဲထားပါတယ်။

ဇူကဘတ်က တော့ သူတို့အနေနဲ့ ဖေ့စ်ဘုတ်ရဲ့ ပေါ်လစီတွေကို ပြန်လည် ထိန်းသိမ်းပေးမှာဖြစ်ကြောင်းနဲ့ အင်စတာဂရမ်ကို ပြန်လည် စစ်ဆေးသွားမယ်လို့ ဝန်ခံကတိတွေ ပေးခဲ့ရပါတယ်။

ဖေ့စ်ဘုတ်နဲ့ ဂူဂဲလ်တို့ရဲ့ အွန်လိုင်းဈေးကွက် နေရာလုမှုမှာ ဂူဂဲလ်ရဲ့ ယူကျူ့ ဝယ်ယူပြီး ယှဉ်ပြိုင်မှုက လူ့အဖွဲ့အစည်းအတွက် မှန်ကန်သင့်တော်တဲ့ ပလက်ဖောင်းတွေ ဖြစ်မဖြစ် မေးမြန်ခံခဲ့ရပါတယ်။

ကြားနာစစ်ဆေးမှုနဲ့ မေးခွန်းတွေ မေးမြန်မှုမှာ သူဌေးတွေအားလုံးက ပြန်လည်ဖြေကြားမှု နည်းနည်းပဲ လုပ်ခဲ့ပါတယ်။ အမတ်တွေရဲ့ အသေးစိတ် မေးမြန်းမှုတွေကို သူတို့တွေရဲ့ ပြန်လည်ဖြေရှင်းနိုင်မှု က အနည်းငယ်ပဲ ရှိခဲ့ပါတယ်။

မောင်ယဿ, REF: CNN, Photo: Tech

Zawgyi





ကမ္ဘာ့ နည်းပညာ သူဌေးကြီး ၄ဦးကို အမေရိကန် ကွန်ဂရက်က ကြားနာစစ်ဆေး2









No Comments

Leave a Reply

Your email address will not be published. Required fields are marked *

International-news
အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို

အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို အမေရိကန်က ပြည်နယ်ရှေ့နေချုပ် ၃၀လောက်က ဖေ့စ်ဘုတ်ပေါ်က အမုန်းစကားတွေ သတင်းလွဲတွေ သတင်းမှားတွေ နဲ့ ရာဇဝတ်မှုတွေကို လျော့ချပေးမဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဖို့အတွက် တောင်းဆို လိုက်တဲ့အပြင် စော်ကားခံနေရတဲ့ လိုင်းသုံးဖို့ရာ ကြောက်နေရတဲ့ သားကောင်တွေ အတွက် အားပေး ကူညီနိုင်တဲ့ အစီအစဉ်တွေကို လုပ်ဖို့လည်း ညွှန်ကြားလိုက်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အွန်လိုင်းပေါ်မှာ တိုးတက်လာတဲ့ အမုန်းစကားတွေ နဲ့ လူအဖွဲ့အစည်းကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမှုတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့အတွက် တောင်းဆိုတဲ့ ပြည်နယ် ၂၀ကျော်က ရှေ့နေချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်ကို ဖေ့စ်ဘုတ် အမှူဆောင်အရာရှိချုပ် …

International-news
ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား

ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ရေပေါ်ဆိပ်ကမ်းက ဂိုထောင်ထဲမှာ ထားရှိတဲ့ ဓာတုပစ္စည်တွေ ပေါက်ကွဲမှုကြီး ဖြစ်ပြီး နောက်မှာတော့ ဆိပ်ကမ်း အာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ မှတ်တမ်းအရ သေဆုံးသူ ၁၃၅ယောက် ရှိနေပြီး လူ ၅၀၀၀ကျော် ဒဏ်ရာရကာ လူ၃သိန်း ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားစေခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်လို့ အစိုးရပိုင်းက အထက်တန်းလွှာတွေကို အကာအကွယ် ပေးနေတယ်လို့ အရပ်သားတွေက ယူဆတဲ့အတွက် အားလုံး မကျေမနပ် ဖြစ်နေကြ ပါတယ်။ ဒီလို ပေါက်ကွဲကြီးက မဖြစ်သင့်ဘဲ ဖြစ်ရတယ်လို့ အရပ်သားတွေက …

International-news
စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း

စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ၂နိုင်ငံ နယ်ခြားက စစ်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားပိုင် မြေတွေကို ဆယ်စုနှစ် တော်တော်ကြာ ဝင်ရောက် ကျူးကျော် စိုက်ပျိုးနေတဲ့ ဒေသခံလယ်သမားတွေကို တောင်ကိုရီးယား အစိုးရက အကွက်ရိုက်ပြီး ရောင်းချနေပါတယ်။ အစိုးရ အေဂျင်စီတစ်ခုဖြစ်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့အခွင့်အရေး ကော်မရှင်က ဂမ်ဝမ်းပြည်နယ် ယန်ဂူခရိုင်မှာ ရှိတဲ့ မြေဧက ၂၃၇၀ကို ကျူးကျော် ဝင်ရောက်စိုက်ပျိုးနေတဲ့ ဒေသခံ လယ်သမားတွေကို တရားဝင် ဖြစ်စေဖို့အတွက် ခုံသမာဓိစီရင် ဆုံးဖြတ်ချက်ဆိုင်ရာ အဆိုပြုချက် အသစ်တစ်ရပ် ရေးဆွဲကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၅၃ခုနှစ် ကိုရီးယားစစ်ကာလအတွင်းက မြောက်ကိုရီးယားတပ်တွေနဲ့ …