ကမ္ဘာ့အကြီး ဆုံး ရုပ်ကြွင်း ထရိုင်စီရာတော့ပ် ကို ကန်ဒေါ်လာ၇သန်းကျော်နဲ့ လေလံပစ်
ကမ္ဘာ့အကြီး ဆုံး ရုပ်ကြွင်း ထရိုင်စီရာတော့ပ် ကို ကန်ဒေါ်လာ၇သန်းကျော်နဲ့ လေလံပစ်
International-news
ကမ္ဘာ့အကြီး ဆုံး ရုပ်ကြွင်း ထရိုင်စီရာတော့ပ် ကို ကန်ဒေါ်လာ၇သန်းကျော်နဲ့ လေလံပစ်
မောင်ယဿ ( အောက်တိုဘာ ၂၂)
Big Jhon လို့ခေါ်တဲ့ တူးဖော်ရသမျှထဲမှာ အကြီးဆုံး ထရိုင်စီရာတော့ပ်ရုပ်ကြွင်း ကို ပါရီမြို့က ဟိုတယ် ဒူရော့မှာ လေလံပစ်တာ ကန်ဒေါ်လာ ၇.၇ သန်းနဲ့ ရောင်းထွက်သွားပါတယ်။ ရုပ်ကြွင်းလေလံမှာ ဈေးအကြီးဆုံးနဲ့ ပထမဆုံး ထွက်သွားပါတယ်။
၂၀၁၄ခုနှစ်က ဘူမိပညာရှင် ဝေါ်တာစတိန်ဘီလ် က ဒါကိုတာတောင်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ်၆၆သန်းကျော်က ရုပ်ကြွင်းတစ်ခုကို တူးဖော်ရရှိခဲ့ပါတယ်။
အဲ့ဒိ ရုပ်ကြွင်းကို ဝယ်သွားတဲ့သူက နာမည်မဖော်ပြခဲ့ပါဘူး ၊ အများစုကတော့ အမေရိကားက ရှေးဟောင်းပစ္စည်း စုဆောင်း သူတစ်ဦးဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။
ဘစ်ဂျွန် က ရုပ်ကြွင်းလောကမှာ အပြည့်စုံဆုံးလို့ပြောရမှာပါ။ ၆၀% ပြည့်စုံပါတယ်။ ၂၆ ပေရှည်ပြီး ဒေါ်လာ ၁.၄သန်းနဲ့ ကြမ်းခင်းဈေး ဖွင့်ခဲ့တာပါ။
၆ပေခွဲကျော် ရှည်တဲ့ ဦးခေါင်းက ၇၀ % ကျော်ပြည့်စုံပါတယ်။ အကြီးဆုံးအရိုးက ၄ပေကျော်ရှည်ပြီး ခြေထောက်ဗျက်အကျယ်က ၁ပေကျော်ရှိပါတယ်။
ဘစ်ဂျွန်ရဲ့ လယ်ပတ်အရိုးပြားကြီး က ၉၀% ကျော် အကောင်းအတိုင်း ကျန်ခဲ့တဲ့ အပြင် ရန်သူတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်နိုင်တဲ့ ပုံစံကိုတွေ့ရပါတယ်။ “
ဒီအရိုးပြားကြီးက သူအသက်ရှင်နေစဉ်ကာလတုန်းက သူ့ရဲ့ နယ်မြေကို ကာကွယ်ဖို့နဲ့ မိတ်လိုက်ဖို့အတွက် သဘာဝကပေးထားတဲ့ အကောင်းဆုံးလက်ဆောင်ပါပဲ” လို့ ဒူရော့ လေလံတာဝန်ခံက ဆိုပါတယ်။
ဦးချို ၃ချောင်းမျက်နှာနဲ့ ထရိုင်စီရာတော့ပ် တွေက အပင်စားအကောင်တွေ ဖြစ်ပြီး ဒိုင်နိုဆော မျိုးနွယ်စိတ်တစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်း၇၀ကျော်က မြောက်အမေရိကားတိုက်မှာ ကျက်စားခဲ့တဲ့ ခရီတာစီယက်ခေတ် က အကောင်တွေဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်မှာ အဲ့ဒိအရိုးတွေကို အီတလီနိုင်ငံမှာ ပြန်လည်တပ်ဆင်ခဲ့ပါတယ်။ အီတလီ ရှေးဦးသက်ရှိပညာရှင်တွေ က ဦးစီးညပီး အဲ့ဒိဒီဇိုင်းကို ရအောင်ထုတ်ခဲ့တာပါ။ တွေ့ရှိပြီးသော ထရိုင်စီရာတော့ပ်တွေ ထဲမှာ တော့ အကြီးဆုံး ဖြစ်ပြီး ၁၀% လောက်ပိုကြီးပါတယ်။
REF: uPI,Photo :Credit  UPI
Zawgyi
မောင်ယဿ ( အောက်တိုဘာ ၂၂)
REF: uPI
Photo : UPI
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …