ကမ္ဘာ့အကြမ်းဖက်ဝါဒရဲ့ ပင်မနယ်မြေ ဖြစ်သွားနိုင်လို့ အာဖဂန်ကိစ္စမှာ G7 နဲ့ပေါင်းလုပ်ပါလို့ ဂျပန်ဝန်ကြီးချုပ် ဆို
- By : Kaung Khant
- Category : International-news

ကမ္ဘာ့အကြမ်းဖက်ဝါဒရဲ့ ပင်မနယ်မြေ ဖြစ်သွားနိုင်လို့ အာဖဂန်ကိစ္စမှာ G7 နဲ့ပေါင်းလုပ်ပါလို့ ဂျပန်ဝန်ကြီးချုပ် ဆို
မောင်ယဿ ( သြဂုတ် ၂၆ )
ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒီ ဆူဂါ က အာဖဂန်နိုင်ငံအရေးက ကမ္ဘာ့အကြမ်းဖက်ဝါဒ ထွန်းကာရာနယ်မြေ ဖြစ်လာနိုင်တာမို့ လို့ စက်မှုထိပ်သီး ၇ နိုင်ငံနဲ့ အတူ ပါဝင်ဖြေရှင်းပြီး အမျိုးသမီးတွေ ရဲ့အခွင့် အရေး တိုးတက်စေရန်နဲ့ လူ့အခွင့် အရေး ချိုးဖောက်ခံနေရမှုတွေကို တာဆီးနိုင်ဖို့ ကြိုးစားကြမယ်လို့ မနေ့ က ဆိုလိုက်ပါတယ်။
အာဖဂန်ရဲ့ ဘူမိနိုင်ငံရေးသဘောတရားက အရေးကြီးလို့ ဂျပန်နိုင်ငံအနေနဲ့ အမျိုး သားအကျိုးစီးပွား အတွက် ပါဝင်စွတ်ဖက်မှာ ဖြစ်မယ်လို့ ဆိုလိုက်ပါတယ်။
လက်ရှိမှာတော့ အာဖဂန်နိုင်ငံမှာရှိတဲ့ ဂျပန်သံရုံး ဝန်ထမ်း တွေနဲ့ စစ်တပ်ကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ကာကွယ်ရေး လေယာဉ်တွေ ကိုလွှတ်ထားပါတယ်။
ပထမ ဦးစားပေးအနေနဲ့ အာဖဂန်မှာ အလုပ်လုပ်နေတဲ့ ဂျပန်နိုင်ငံသားတွေ ၊ သံရုံး ဝန်ထမ်းတွေ ကို အရင်ဆုံး ပြန်ခေါ်မှာ ဖြစ်ပြီး ဆက်တိုက်ဆိုသလို စစ်တပ်နဲ့ အာဖဂန်နိုင်ငံသား သံရုံး ဝန်ထမ်းတွေ ကို ခေါ်ယူသွားမှာ ဖြစ်တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဆိုပါတယ်။
တနလာၤနေ့ကတည်းက ကာကွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ယာဉ် C2 ၃စင်းနဲ့ C130 ၂စင်း အာဖဂန်ကို ပို့ထားပါတယ်။ ဝန်ကြီးချုပ်အမိန့် နဲ့ တတ်နိုင်သလောက် အာဖဂန်နိုင်ငံသားတွေကိုလည်း ခေါ်လာဖို့အတွက် လည်း စီစဉ်နေပါတယ်။
“ဂျပန် နိုင်ငံအနေနဲ့ အာဖဂန်ကိစ္စကို အခြားနိုင်ငံနည်းတူ စိတ်ဝင်စားပါတယ်။ အတူတူ ဖြေရှင်း ကြပါမယ်” လို့ ဂျပန်သတင်းထောက်က အာဖဂန်နိုင်ငံသားတွေ ကို ဂျပန်နိုင်ငံမှာ လက်ခံထားမလား ဆိုတဲ့ မေးခွန်း ကို ထမင်းရေပူ လျှာလွဲ ဖြေဆိုသွားပါတယ်။
အာဖဂန်ဒုက္ခသည် တွေနဲ့ ပတ်သက်ပြီး မေးခွန်းကို ဝန်ကြီးချုပ်က ဘာတစ်ခုမှ ရှင်းရှင်းလင်းလင်း ဖြေကြားခြင်း မရှိခဲ့ပါဘူး။
REF: Japan times,Photo:Credit wall street journal
Zawgyi
ကမာၻ႔အၾကမ္းဖက္ဝါဒရဲ႕ ပင္မနယ္ေျမ ျဖစ္သြားႏိုင္လို႔ အာဖဂန္ကိစၥမွာ G7 နဲ႔ေပါင္းလုပ္ပါလို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဆို

ေမာင္ယႆ ( ၾသဂုတ္ ၂၆ )
ဂ်ပန္ဝန္ႀကီးခ်ဳပ္ ယိုရွီဟီဒီ ဆူဂါ က အာဖဂန္ႏိုင္ငံအေရးက ကမာၻ႔အၾကမ္းဖက္ဝါဒ ထြန္းကာရာနယ္ေျမ ျဖစ္လာႏိုင္တာမို႔ လို႔ စက္မႈထိပ္သီး ၇ ႏိုင္ငံနဲ႔ အတူ ပါဝင္ေျဖရွင္းၿပီး အမ်ိဳးသမီးေတြ ရဲ႕အခြင့္ အေရး တိုးတက္ေစရန္နဲ႔ လူ႔အခြင့္ အေရး ခ်ိဳးေဖာက္ခံေနရမႈေတြကို တာဆီးႏိုင္ဖို႔ ႀကိဳးစားၾကမယ္လို႔ မေန႔ က ဆိုလိုက္ပါတယ္။
အာဖဂန္ရဲ႕ ဘူမိႏိုင္ငံေရးသေဘာတရားက အေရးႀကီးလို႔ ဂ်ပန္ႏိုင္ငံအေနနဲ႔ အမ်ိဳး သားအက်ိဳးစီးပြား အတြက္ ပါဝင္စြတ္ဖက္မွာ ျဖစ္မယ္လို႔ ဆိုလိုက္ပါတယ္။
လက္ရွိမွာေတာ့ အာဖဂန္ႏိုင္ငံမွာရွိတဲ့ ဂ်ပန္သံ႐ုံး ဝန္ထမ္း ေတြနဲ႔ စစ္တပ္ကို ျပန္လည္ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။ ကာကြယ္ေရး ေလယာဥ္ေတြ ကိုလႊတ္ထားပါတယ္။
ပထမ ဦးစားေပးအေနနဲ႔ အာဖဂန္မွာ အလုပ္လုပ္ေနတဲ့ ဂ်ပန္ႏိုင္ငံသားေတြ ၊ သံ႐ုံး ဝန္ထမ္းေတြ ကို အရင္ဆုံး ျပန္ေခၚမွာ ျဖစ္ၿပီး ဆက္တိုက္ဆိုသလို စစ္တပ္နဲ႔ အာဖဂန္ႏိုင္ငံသား သံ႐ုံး ဝန္ထမ္းေတြ ကို ေခၚယူသြားမွာ ျဖစ္တယ္လို႔ မေန႔က သတင္းစာရွင္းလင္းပြဲမွာ ဆိုပါတယ္။
တနလာေနၤ့ကတည္းက ကာကြယ္ေရးနဲ႔ သယ္ယူပို႔ေဆာင္ေရး ယာဥ္ C2 ၃စင္းနဲ႔ C130 ၂စင္း အာဖဂန္ကို ပို႔ထားပါတယ္။ ဝန္ႀကီးခ်ဳပ္အမိန႔္ နဲ႔ တတ္ႏိုင္သေလာက္ အာဖဂန္ႏိုင္ငံသားေတြကိုလည္း ေခၚလာဖို႔အတြက္ လည္း စီစဥ္ေနပါတယ္။
“ဂ်ပန္ ႏိုင္ငံအေနနဲ႔ အာဖဂန္ကိစၥကို အျခားႏိုင္ငံနည္းတူ စိတ္ဝင္စားပါတယ္။ အတူတူ ေျဖရွင္း ၾကပါမယ္” လို႔ ဂ်ပန္သတင္းေထာက္က အာဖဂန္ႏိုင္ငံသားေတြ ကို ဂ်ပန္ႏိုင္ငံမွာ လက္ခံထားမလား ဆိုတဲ့ ေမးခြန္း ကို ထမင္းေရပူ လွ်ာလြဲ ေျဖဆိုသြားပါတယ္။
အာဖဂန္ဒုကၡသည္ ေတြနဲ႔ ပတ္သက္ၿပီး ေမးခြန္းကို ဝန္ႀကီးခ်ဳပ္က ဘာတစ္ခုမွ ရွင္းရွင္းလင္းလင္း ေျဖၾကားျခင္း မရွိခဲ့ပါဘူး။
REF: Japan times
Photo: wall street journal
No Comments