ကမ္ဘာကြီး ပူနွေးလာမှုကိုကာကွယ်ဖို့ နည်းသစ်တစ်ခု ဘေဆယ်မြို့ မှာစလုပ်

ကမ္ဘာကြီး ပူနွေးလာမှုကိုကာကွယ်ဖို့ နည်းသစ်တစ်ခု ဘေဆယ်မြို့ မှာစလုပ်

မောင်ယဿ ( ဇူလိုင် ၁၀ )

ဆွစ်ဇာလန်နိုင်ငံ မြို့တော်ဘေဆယ်မှာ ကမ္ဘာကြီး ပူနွေးလာလို့ ရာသီစည်းချက်ပျက်ယွင်း နေတာကို ကာကွယ်ဖို့အတွက် နောက်ဆောက်မယ့် အိမ်တိုင်းရဲ့ အမိုးပေါ်မှာ သစ်ပင်စိုက်ခင်းတွေ ကို စိုက်ပျိုးရမယ်လို့ ဥပဒေ သက်မှတ်လိုက်ပါတယ်။

အဲ့ဒိ ဥပဒေပြဌန်းမှု က ကမ္ဘာပေါ်မှာ ပထမဆုံးသော ပြဌန်းချက်ဖြစ်ပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုကိုကာကွယ်ဖို့ နည်းသစ်တစ်ခု ဘေဆယ်မြို့ မှာစလုပ်
မြို့ပြယဉ်ကျေးမှု ထွန်းကာလာ တဲ့အတွက်ကြောင့် သစ်တောတွေ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရပါတယ်။

သစ်တော သစ်ပင်တွေ ဆုံးရှုံး မှုက ကမ္ဘာကြီးပေါ်မှာ ကာဗွန်သန့်စင်ပေးတဲ့ အရာတွေနည်းပါး လာတာနဲ့ တူနေပါတယ်။

ကမ္ဘာပေါ်မှာ ကာဗွန်တွေ စုပုံလာမှုကြောင့် အပူတွေကို စုပ်ယူထားသလို ဖြစ်ပြီး ကမ္ဘာကြီး ပူနွေးလာက ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်လာခဲ့ရပါတယ်။

အဲ့ဒိလိုအနေအထားမှာ မြို့ပြထွန်းကား လာတာက လိုအပ်ချက် ဖြစ်သလို သစ်တောသစ်ပင် မဆုံးရှုံးရေးလည်း လိုအပ်ချက်ဖြစ်တဲ့ အတွက်ကြောင့် မြို့ပြ နဲ့ သစ်ပင်တွေ တွဲနေအောင်လို့ ဆွစ်ဇာလန်နိုင်ငံအစိုးရက ဖယ်ရှားခံ သစ်ပင်တွေနေရာကို အစားထိုးဖို့ မြို့ပြ အဆောက်အအုံတွေရဲ့ အမိုးမှာ အစိမ်းရောင်ဖွံ့ဖြိုးရေး လုပ်ငန်းကို ဥပဒေသက်မှတ်ပြီး ပြဌန်းလိုက်တာပါ။

ဥပဒေအရ ၂၀၂၁ ကနေစပြီးဆောက်တဲ့ အဆောက်အအုံတိုင်းမှာ သစ်ပင်စိုက်တဲ့ နေရာတွေနဲ့ အမိုးပေါ်မှာ စိုက်ခင်း ပါဝင်ရမှာ ဖြစ်ပြီး အဆောက်အအုံဟောင်းတွေရဲ့ အမိုး မှာ နေရာလွတ်ရှိတာနဲ့ သစ်ပင်စိုက်ရမယ်ဆိုတာပါပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုကိုကာကွယ်ဖို့ နည်းသစ်တစ်ခု ဘေဆယ်မြို့ မှာစလုပ်2

အဆောက်အအုံဟောင်း အမိုးပေါ်ကစိုက်ခင်းတွေအတွက် အစိုးရက စီမံကိန်းတစ်ရပ်ပြုလုပ်ထားပြီး စိုက်ထုတ်ကျခံပေးမှာ ဖြစ်ပါတယ်။

နောက်ပြီး မြို့ပြက ပလပ်မြေတွေနဲ့ ဌာနဆိုင်ရာမြေတွေမှာ သစ်ပင်ကြီးတွေကိုစိုက်ပျိုး မယ့်အစီအစဉ်လည်း ပါပါတယ်။

အဲ့ဒိအစီအစဉ်ကို ဇူရစ်မြို့ သဘာဝပတ်ဝန်းကျင်နဲ့ အရင်းအမြစ် အင်စတီကျူ့ ကသုတေသီ ဒေါက်တာစတီဗင် ဘရိုက်နိုက်ဆင်က အကြံပြုခဲ့တာပါ။

ဆွစ်က အဆောက်အဦ ကန်ထရိုက်တွေနဲ့ မြို့ပြ ဖွံ့ဖြိုးရေး လုပ်ငန်း လုပ်ကိုင်သူတွေအားလုံး ကို ခေါ်ယူဆွေးနွေးပြီး ဥပဒေကိုပြဌန်းခဲ့တာ ဖြစ်ပါတယ်။

REF: Euro news,Photo:Credit  GWS

Zawgyi

ကမာၻႀကီး ပူေႏြးလာမႈကိုကာကြယ္ဖို႔ နည္းသစ္တစ္ခု ေဘဆယ္ၿမိဳ႕ မွာစလုပ္

ေမာင္ယႆ ( ဇူလိုင္ ၁၀ )

ဆြစ္ဇာလန္ႏိုင္ငံ ၿမိဳ႕ေတာ္ေဘဆယ္မွာ ကမာၻႀကီး ပူေႏြးလာလို႔ ရာသီစည္းခ်က္ပ်က္ယြင္း ေနတာကို ကာကြယ္ဖို႔အတြက္ ေနာက္ေဆာက္မယ့္ အိမ္တိုင္းရဲ႕ အမိုးေပၚမွာ သစ္ပင္စိုက္ခင္းေတြ ကို စိုက္ပ်ိဳးရမယ္လို႔ ဥပေဒ သက္မွတ္လိုက္ပါတယ္။

အဲ့ဒိ ဥပေဒျပဌန္းမႈ က ကမာၻေပၚမွာ ပထမဆုံးေသာ ျပဌန္းခ်က္ျဖစ္ပါတယ္။
ၿမိဳ႕ျပယဥ္ေက်းမႈ ထြန္းကာလာ တဲ့အတြက္ေၾကာင့္ သစ္ေတာေတြ ဆုံးရႈံးမႈျဖစ္ေပၚခဲ့ရပါတယ္။

သစ္ေတာ သစ္ပင္ေတြ ဆုံးရႈံး မႈက ကမာၻႀကီးေပၚမွာ ကာဗြန္သန႔္စင္ေပးတဲ့ အရာေတြနည္းပါး လာတာနဲ႔ တူေနပါတယ္။

ကမာၻေပၚမွာ ကာဗြန္ေတြ စုပုံလာမႈေၾကာင့္ အပူေတြကို စုပ္ယူထားသလို ျဖစ္ၿပီး ကမာၻႀကီး ပူေႏြးလာက ရာသီဥတုေဖာက္ျပန္မႈေတြ ျဖစ္လာခဲ့ရပါတယ္။

အဲ့ဒိလိုအေနအထားမွာ ၿမိဳ႕ျပထြန္းကား လာတာက လိုအပ္ခ်က္ ျဖစ္သလို သစ္ေတာသစ္ပင္ မဆုံးရႈံးေရးလည္း လိုအပ္ခ်က္ျဖစ္တဲ့ အတြက္ေၾကာင့္ ၿမိဳ႕ျပ နဲ႔ သစ္ပင္ေတြ တြဲေနေအာင္လို႔ ဆြစ္ဇာလန္ႏိုင္ငံအစိုးရက ဖယ္ရွားခံ သစ္ပင္ေတြေနရာကို အစားထိုးဖို႔ ၿမိဳ႕ျပ အေဆာက္အအုံေတြရဲ႕ အမိုးမွာ အစိမ္းေရာင္ဖြံ႕ၿဖိဳးေရး လုပ္ငန္းကို ဥပေဒသက္မွတ္ၿပီး ျပဌန္းလိုက္တာပါ။

ဥပေဒအရ ၂၀၂၁ ကေနစၿပီးေဆာက္တဲ့ အေဆာက္အအုံတိုင္းမွာ သစ္ပင္စိုက္တဲ့ ေနရာေတြနဲ႔ အမိုးေပၚမွာ စိုက္ခင္း ပါဝင္ရမွာ ျဖစ္ၿပီး အေဆာက္အအုံေဟာင္းေတြရဲ႕ အမိုး မွာ ေနရာလြတ္ရွိတာနဲ႔ သစ္ပင္စိုက္ရမယ္ဆိုတာပါပါတယ္။

အေဆာက္အအုံေဟာင္း အမိုးေပၚကစိုက္ခင္းေတြအတြက္ အစိုးရက စီမံကိန္းတစ္ရပ္ျပဳလုပ္ထားၿပီး စိုက္ထုတ္က်ခံေပးမွာ ျဖစ္ပါတယ္။

ေနာက္ၿပီး ၿမိဳ႕ျပက ပလပ္ေျမေတြနဲ႔ ဌာနဆိုင္ရာေျမေတြမွာ သစ္ပင္ႀကီးေတြကိုစိုက္ပ်ိဳး မယ့္အစီအစဥ္လည္း ပါပါတယ္။

အဲ့ဒိအစီအစဥ္ကို ဇူရစ္ၿမိဳ႕ သဘာဝပတ္ဝန္းက်င္နဲ႔ အရင္းအျမစ္ အင္စတီက်ဴ႕ ကသုေတသီ ေဒါက္တာစတီဗင္ ဘ႐ိုက္ႏိုက္ဆင္က အႀကံျပဳခဲ့တာပါ။

ဆြစ္က အေဆာက္အဦ ကန္ထ႐ိုက္ေတြနဲ႔ ၿမိဳ႕ျပ ဖြံ႕ၿဖိဳးေရး လုပ္ငန္း လုပ္ကိုင္သူေတြအားလုံး ကို ေခၚယူေဆြးေႏြးၿပီး ဥပေဒကိုျပဌန္းခဲ့တာ ျဖစ္ပါတယ္။

REF: Euro news
Photo: GWS

 

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …