Knowledge
Unicode
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပြောသမျှ ဝူဟန်ထူးဆန်းတုတ်ကွေးရဲ့ ထူးဆန်းမှုများ
ကိုဗစ်-၁၉ (COVID-19) နဲ့ပတ်သက်တဲ့ ထူးဆန်းသမျှကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထုတ်ပြန် ကြေညာထားတာတွေ ရှိပါတယ်။ အဲ့ဒါတွေကို လက်လှမ်းမီသလောက် တင်ပြလိုက်ပါတယ်။
၁။ လက်အခြောက်ခံစက်က ကိုဗစ်-၁၉ ကို သေစေနိုင်သလား။။ မရပါဘူး။ လက်ကို မကြာခဏဆေးကြောပြီးရင် လက်ကို တစ်ရှုးနဲ့ပြောင်နေအောင် သုတ်ပေးပါတဲ့။
၂။ ပိုးသက်ခရမ်းလွန်ရောင်ခြည်နဲ့ ကိုဗစ်-၁၉ကို သတ်လို့ရသလား။။မသုံးပါနဲ့။ အရေပြားလောင်သွားနိုင်လို့ပါ။
၃။ အပူအာရုံခံစက်က ကိုဗစ်-၁၉ကို စစ်လို့ရသလား။။စစ်လို့ရပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်လို့ ဖျားနာ နေချိန်မှာပဲ စက်ကစစ်လို့ရပါတယ်။ ရောဂါပိုးဝင်ကာစဆိုရင် အပူချိန်တိုင်းစက်နဲ့ အာရုံခံလို့မရပါဘူး။ ဖျာလာတဲ့အချိန်မှာပဲ စစ်လို့ရတာပါ။
၄။ အရက်ပျံ တို့ ကလိုရင်းတို့ကို ခန္တာကိုယ်သုတ်လိမ်းပြီး ကာကွယ်လို့ရသလား။။မရပါဘူး။ အဲ့ဒါတွေက ခန္တာကိုယ်ကို စေးကပ်သွားအောင်လုပ်တာကလွဲလို့ ကိုဗစ်-၁၉ မကာကွယ်နိုင်ပါဘူး။ ဒါအပြင် မျက်စေ့တွေ ပါစပ်တွေထဲကိုမဝင်အောင် ပိုဂရုစိုက်ရပါမယ်။
၅။ တရုတ်ပြည်ကလာတဲ့ စာတွေ ပါကင်ထုတ်တွေလက်ခံလို့ရလား။။ရပါတယ်။ ပြဿနာမရှိပါဘူး။ ပိုးတွေက စာအိတ်တွေလို စက္ကူတွေပေါ်မှာအကြာကြီး အသက်မရှင်ပါဘူ။
၆။ အိမ်မွေးတိရစ္ဆာန်တွေက ကိုဗစ်-၁၉ကို ပြန့်နှံ့စေလား။။အခုထိတော့မသေချာသေးပါ။ထင်မြင်ယူဆချက်သက်သက်သာဖြစ်ပါတယ်။ အကောင်ငယ်လေးတွေကိုကိုင်ပြီးလက်ဆေးခြင်းဖြင့် အီးကိုလိုင်းပိုးနဲ့ ဆယ်မိုနယ်လားပိုးတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ။
၇။ နမိုးနီးယား ကာကွယ်ဆေးတွေက ကိုဗစ်-၁၉ ကိုကာကွယ်နိုင်သလား။။ မရပါဘူး။ လက်ရှိရှိနေတဲ့ အဆုတ်ရောင်ရောဂါကာကွယ်ဆေးတွေနဲ့ တုတ်ကွေးအဖျားဖြတ်ဆေးတွေ က ကိုဗစ်-၁၉ကို မကာကွယ်နိုင်ပါဘူး။
၈။နှာခေါင်းသန့်ဆေးကရော ကိုဗစ်-၁၉ ကို ကာကွယ်နိုင်သလား။။မသေချာသေးပါ။ ကိုဗစ်-၁၉ကို ကာကွယ်နိုင်သလား မနိုင်ဘူးလားဆိုတာကို မစစ်ဆေးရသေးပါဘူး။ သာမာန်အအေးမိလို့ ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုတော့ရှင်းနိုင်ပါတယ်။
၁၀။ပါးစပ်ဆေးရည်ကရော ကိုဗစ်-၁၉ ကို ကာကွယ်နိုင်သလား။မသေချာသေးပါ။ ပါးစပ်ထဲက အနုဇီဝကောင်တွေကို ရှင်းလင်းပေးတာမှန်ပေမဲ့ ကိုဗစ်-၁၉ကိုတော့ ရှင်းနိုင်မရှင်းနိုင် မသိသေးပါ။
၁၁။ကြက်သွန်ဖြူစားခြင်းက အကာကွယ်ဖြစ်သလား။။ကြက်သွန်ဖြူက ပိုးသတ်နိုင်တဲ့အစွမ်းရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကိုသတ်နိုင်သလား မသတ်နိုင်ဘူးလားဆိုတာမသေချာ သေးပါ။
၁၂။ နှမ်းဆီက ပိုးသေနိုင်သလား။။မဖြစ်နိုင်ပါ။ကိုဗစ်-၁၉ ကို နှမ်းဆီနဲ့ သတ်လို့မရပါဘူး။ နှမ်းဆီကို နှာခေါင်းဝမှာသုတ်လိမ်းတာလည်းမှားပါတယ်။
၁၃။ ကိုဗစ်-၁၉က ဘယ်လိုအသက်အရွယ်တွေကို ပိုထိခိုက်စေသလဲ။အသက်အရွယ်မရွေး ပါဘူး။ အထူးသဖြင့် ရင်ကြပ်သမားတွေ နလုံးသမား ဆီးချိုသမားတွေကတော့ ကိုဗစ်-၁၉ ရဲ့ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ခံရမှာပါ။ အဓိကကတော့ လက်ကျန်းမာရေးနဲ့ အသက်ရှုလမ်းကြောင်း ကျန်းမာရေး ကိုဂရုစိုက် ဖို့ပါပဲ။
၁၄။ပဋိဇီ၀ ဆေးတွေက ကိုဗစ်-၁၉ကို တားနိုင်သလားပဋိဇီဝဆေးတွေက ဘတ်တီးရီးယားတွေကိုပဲ သတ်လို့ရတာပါ။ ဗိုင်းရက်တွေကို သတ်လို့မရပါဘူး။ဒါကြောင့်ပဋိဇီဝဆေးတွေကို မသုံးတာအကောင်းဆုံးပါပဲ။
၁၅။ ကိုဗစ်-၁၉ မှာ ကာကွယ်ဆေး ကုသဆေး မရှိသေးပါဘူး။လတ်တလောမှာ ကာကွယ်ဆေးရော ကုသဆေးပါမရှိသေးပါဘူး။ လက်ရှိကုသမှုက စောင့်ကြည့်တာရယ် ဖြစ်ပေါ်လာတဲ့ရောဂါလက္ခဏါတွေ ကို အဆင်ပြေသလို ကုသချက်ပေးနေတာပါ။ WHOက သုတေသန လုပ်ငန်းတွေကို အများအပြား အကူအညီပေးနေပါတယ်။
မောင်ယဿ ref:who photo ; who
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
Knowledge
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက် ဖို့ အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။ ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။ သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ …
ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ......''''
Knowledge
”ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ.”
”ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ.” ချစ်သူတွေကြားမှာ နမ်းခြင်းဟာ မထူးဆန်းတဲ့ ကိစ္စတစ်ခုဆိုတာ လူတိုင်း သိကြပါတယ်။သို့သော် အနမ်းနဲ့ ပါတ်သက်ပြီး ကောင်းခြင်း ဆိုးခြင်းကိုတော့ သိကောင်းမှသိမှာမို့ အချစ်နဲ့ပတ်သက်ပြီး သုတေသန ပြုရာမှာ ကမ္ဘာကျော်တဲ့ ဒေါက်တာဝီလျံစတိုင်းဘတ်ရဲ့ လေ့လာချက် တစ်ချို့ကို ပြောပြချင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းတာဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်ဟာ ၇ ချက်ရှိပြီး ဆိုးကျိုးဟာ ၄ မျိုးရှိပါတယ်တဲ့။ အနမ်းရဲ့ကောင်းခြင်း များ…. ၁…ချစ်သူတို့ တစ်ယောက်နဲ့တစ်ယောက် နမ်းနေတဲ့အချိန်မှာ မိန်းမရော ယောက်ျားပါ နှစ်ဦးစလုံးရဲ့ မျက်နှာပြင်ပေါ်က ကြွက်သားမျှင်တွေကို လှူပ်ရှားလာအောင် ဦးနှောက်က လှူံဆော်ပေးလိုက်တဲ့အတွက် မျက်နှာပြင်ပေါ်မှာရှိတဲ့ သွေးလွတ်ကြောတွေ စီးဆင်းမှူ …