ကမာၻ႔ အခ်မ္းသာဆုံး ၁၀ဦး စာရင္းထဲကို ဝင္လာတဲ့ အိႏၵိယသား မူကတ္ရွ္အန္ဘာနီ

ကမာၻ႔ အခ်မ္းသာဆုံး ၁၀ဦး စာရင္းထဲကို ဝင္လာတဲ့ အိႏၵိယသား မူကတ္ရွ္အန္ဘာနီ
International-news

ကမာၻ႔ အခ်မ္းသာဆုံး ၁၀ဦး စာရင္းထဲကို ဝင္လာတဲ့ အိႏၵိယသား မူကတ္ရွ္အန္ဘာနီ

တနလၤာေန႔က ဘလြန္းဘာဂ္ စီးပြားေရးသတင္းဌာနရဲ႕ ကမာၻ႔ ဘီလီယံနာမ်ား စာရင္းထဲမွာ ေဖာ္ျပခံရတဲ့ သူတစ္ဦး ကေတာ့ ထူးထူးျခားျခားကိုပဲ ရလီရင့္ စက္မႈလုပ္ငန္းမ်ား ဥကၠ႒ ျဖစ္တဲ့ အိႏၵိယႏိုင္ငံသား မူကတ္ရွ္ အန္ဘာနီ ျဖစ္ေနတာကို ေတြ႕ရလိုက္ပါတယ္ ။

အိႏၵိယ အေျခစိုက္ စီးပြားေရး လုပ္ငန္းစုမ်ားရဲ႕ ၄၂ % ကို ပိုင္ဆိုင္ထားတဲ့ အန္ဘာနီရဲ႕ ပိုင္ ဆိုင္မႈက ၆၄.၅ ဘီလီယံ ရွိပါတယ္ ။ စီးပြားေရး လုပ္တဲ့ ကုမၸဏီမ်ား အတြက္ ရင္းႏွီးျမဳပ္ႏွံဖို႔ လုပ္ထားတဲ့ ဂ်ီယို ပလက္ေဖာင္းကို ျမႇင့္တင္လိုက္တဲ့ အခ်ိန္မွာေတာ့ သူ႔ရဲ႕ ပိုင္ဆိုင္မႈေတြက ပိုမို ျမင့္တက္လာပါတယ္ ။ အဲ့ဒိ ပလက္ေဖာင္းေပၚက ယူနစ္ေတြက ရလီရင့္ ကုမၸဏီကို အေႂကြးကင္းသြားေစပါတယ္ ။ ၿပီးေတာ့ ၂၀၂၁ မတ္လအထိ ကုမၸဏီေတြ အေႂကြး ကင္းကင္းနဲ႔ လမ္းေလွ်ာက္လို႔ရသြားပါတယ္ ။

ေကာ္႐ိုနာဗိုင္းရက္ေၾကာင့္ ကမာၻ႔စီးပြားေရး ပ်က္ကပ္နဲ႔အတူ အိႏၵိယကလည္း ေမ်ာပါသြားခ်ိန္မွာ အန္ဘာနီရဲ႕ စက္႐ုံေတြ ရပ္ထားေပမဲ့ သူ႔ရဲ႕ လက္လီဆိုင္ေတြ ဝင္ေငြက ရပ္မသြားတဲ့အတြက္ သူကကမာၻ႔ အႂကြယ္ဝဆုံး သူေ႒း ၁၀ဦး စာရင္းထဲကို ဝင္သြားခဲ့ တာပါ ။ ဂ်ဝါဟာလယ္ေန႐ူး တကၠသိုလ္က စီးပြားေရးနဲ႔စီမံကိန္းေလ့လာမႈ ဌာနက ပါေမာကၡက “သူ႔ရဲ႕ တိုးတက္ပြားစည္မႈ ေတြက ေကာ္႐ိုနာဗိုင္းရက္နဲ႔အတူ ရပ္မသြားတဲ့ အတြက္ သူက အခုလို ႂကြယ္ဝဆုံး ျဖစ္လာတာပါပဲ”လို႔ ဆိုတယ္ ။

အန္ဘာနီက ေအာ္ရကယ္ေကာ္ပိုေရးရွင္း ပိုင္ရွင္ လာရီအယ္လီဆင္နဲ႔ ကမာၻ႔အခ်မ္းသာဆုံး အမ်ိဳးသမီးျဖစ္တဲ့ ျပင္သစ္သူ ဖရန႔္ဆြာ ဘန္နတ္ေကာ့ ေမယာတို႔ကို ေက်ာ္တက္ခဲ့တာပါ ။ အြန္လိုင္းေပၚက ဂ်ီယို ပလက္ေဖာင္း ကေန ရလီရင့္က ရွယ္ယာ ၂၁ ဘီလီယံဖိုးကို အေႂကြးေရာင္းခဲ့ရာ လုပ္ငန္ရွင္ ၁၀ ဦးက ဝယ္ယူ သြားခဲ့ပါတယ္ ။ အဲ့ဒိထဲမွာ ေဖ့စ္ဘုတ္က ၅.၇ ဘီလီယံဖိုး ယူထားပါတယ္ ။

အန္ဘာနီက(ဧၿပီ ၁၉ ၁၉၅၇ေမြး) တကယ့္ေတာ့ ၿဗိတိသွ်ကိုလိုနီ ေအဒင္(ယခု ယီမင္ႏိုင္ငံ)မွာေမြးခဲ့တာပါ ။ သူ႔အေဖက သူ႔ကို လသားေလးအ႐ြယ္မွာပဲ အိႏၵိယကို ေျပာင္းေ႐ႊ႕ ေခၚယူ လာတာပါ ။ အိႏၵိယႏိုင္ငံမွာ ပုဂၢလိက လုပ္ငန္း လုပ္ေဆာင္ခြင့္ ေပးတဲ့အခ်ိန္မွာ သူ႔အေဖက တင္းက်ပ္တဲ့ ဗ်ဴ႐ိုကရက္ ေတြၾကားထဲကေန လိုင္စင္တစ္ခု ရေအာင္ ေလွ်ာက္ႏိုင္ခဲ့ပါတယ္ ။

သားကို ပညာတတ္ျဖစ္ေစခ်င္လို႔ အင္ဂ်င္နီယာဘြဲ႕ရ သားကို အဂၤလန္လႊတ္ၿပီး စာရင္းအင္းဘြဲ႕ကို ယူခိုင္းတာ စာသင္ႏွစ္မကုန္ခင္မွာပင္ ျပန္ေခၚၿပီးရလီရင့္ ကုမၸဏီကို ဦးေဆာင္ေစခဲ့ တာပါ ။ ခ်ည္မွ်င္နဲ႔ အထည္စက္႐ုံလုပ္ငန္းေတြ ကို ဓာတုခ်ည္မွ်င္ေတြ ေတြထည့္ေပါင္းၿပီး လက္လီေဈးကြက္ ေတြကို ေပါက္ေအာင္လုပ္ႏိုင္လို႔ သူတို႔ရဲ႕ႂကြယ္ဝမႈကို တားမရႏိုင္ေအာင္ ျဖစ္ခဲ့ပါတယ္ ။

ေမာင္ယႆ

REF: upi Photo : upi

Unicode

ကမ္ဘာ့ အချမ်းသာဆုံး ၁၀ဦး စာရင်းထဲကို ဝင်လာတဲ့ အိန္ဒိယသား မူကတ်ရှ်အန်ဘာနီ

တနင်္လာနေ့က ဘလွန်းဘာဂ် စီးပွားရေးသတင်းဌာနရဲ့ ကမ္ဘာ့ ဘီလီယံနာများ စာရင်းထဲမှာ ဖော်ပြခံရတဲ့ သူတစ်ဦး ကတော့ ထူးထူးခြားခြားကိုပဲ ရလီရင့် စက်မှုလုပ်ငန်းများ ဥက္ကဋ္ဌ ဖြစ်တဲ့ အိန္ဒိယနိုင်ငံသား မူကတ်ရှ် အန်ဘာနီ ဖြစ်နေတာကို တွေ့ရလိုက်ပါတယ် ။

အိန္ဒိယ အခြေစိုက် စီးပွားရေး လုပ်ငန်းစုများရဲ့ ၄၂ % ကို ပိုင်ဆိုင်ထားတဲ့ အန်ဘာနီရဲ့ ပိုင် ဆိုင်မှုက ၆၄.၅ ဘီလီယံ ရှိပါတယ် ။ စီးပွားရေး လုပ်တဲ့ ကုမ္ပဏီများ အတွက် ရင်းနှီးမြုပ်နှံဖို့ လုပ်ထားတဲ့ ဂျီယို ပလက်ဖောင်းကို မြှင့်တင်လိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေက ပိုမို မြင့်တက်လာပါတယ် ။ အဲ့ဒိ ပလက်ဖောင်းပေါ်က ယူနစ်တွေက ရလီရင့် ကုမ္ပဏီကို အကြွေးကင်းသွားစေပါတယ် ။ ပြီးတော့ ၂၀၂၁ မတ်လအထိ ကုမ္ပဏီတွေ အကြွေး ကင်းကင်းနဲ့ လမ်းလျှောက်လို့ရသွားပါတယ် ။

ကော်ရိုနာဗိုင်းရက်ကြောင့် ကမ္ဘာ့စီးပွားရေး ပျက်ကပ်နဲ့အတူ အိန္ဒိယကလည်း မျောပါသွားချိန်မှာ အန်ဘာနီရဲ့ စက်ရုံတွေ ရပ်ထားပေမဲ့ သူ့ရဲ့ လက်လီဆိုင်တွေ ဝင်ငွေက ရပ်မသွားတဲ့အတွက် သူကကမ္ဘာ့ အကြွယ်ဝဆုံး သူဋ္ဌေး ၁၀ဦး စာရင်းထဲကို ဝင်သွားခဲ့ တာပါ ။ ဂျဝါဟာလယ်နေရူး တက္ကသိုလ်က စီးပွားရေးနဲ့စီမံကိန်းလေ့လာမှု ဌာနက ပါမောက္ခက “သူ့ရဲ့ တိုးတက်ပွားစည်မှု တွေက ကော်ရိုနာဗိုင်းရက်နဲ့အတူ ရပ်မသွားတဲ့ အတွက် သူက အခုလို ကြွယ်ဝဆုံး ဖြစ်လာတာပါပဲ”လို့ ဆိုတယ် ။

အန်ဘာနီက အော်ရကယ်ကော်ပိုရေးရှင်း ပိုင်ရှင် လာရီအယ်လီဆင်နဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးဖြစ်တဲ့ ပြင်သစ်သူ ဖရန့်ဆွာ ဘန်နတ်ကော့ မေယာတို့ကို ကျော်တက်ခဲ့တာပါ ။ အွန်လိုင်းပေါ်က ဂျီယို ပလက်ဖောင်း ကနေ ရလီရင့်က ရှယ်ယာ ၂၁ ဘီလီယံဖိုးကို အကြွေးရောင်းခဲ့ရာ လုပ်ငန်ရှင် ၁၀ ဦးက ဝယ်ယူ သွားခဲ့ပါတယ် ။ အဲ့ဒိထဲမှာ ဖေ့စ်ဘုတ်က ၅.၇ ဘီလီယံဖိုး ယူထားပါတယ် ။

အန်ဘာနီက(ဧပြီ ၁၉ ၁၉၅၇မွေး) တကယ့်တော့ ဗြိတိသျှကိုလိုနီ အေဒင်(ယခု ယီမင်နိုင်ငံ)မှာမွေးခဲ့တာပါ ။ သူ့အဖေက သူ့ကို လသားလေးအရွယ်မှာပဲ အိန္ဒိယကို ပြောင်းရွှေ့ ခေါ်ယူ လာတာပါ ။ အိန္ဒိယနိုင်ငံမှာ ပုဂ္ဂလိက လုပ်ငန်း လုပ်ဆောင်ခွင့် ပေးတဲ့အချိန်မှာ သူ့အဖေက တင်းကျပ်တဲ့ ဗျူရိုကရက် တွေကြားထဲကနေ လိုင်စင်တစ်ခု ရအောင် လျှောက်နိုင်ခဲ့ပါတယ် ။

သားကို ပညာတတ်ဖြစ်စေချင်လို့ အင်ဂျင်နီယာဘွဲ့ရ သားကို အင်္ဂလန်လွှတ်ပြီး စာရင်းအင်းဘွဲ့ကို ယူခိုင်းတာ စာသင်နှစ်မကုန်ခင်မှာပင် ပြန်ခေါ်ပြီးရလီရင့် ကုမ္ပဏီကို ဦးဆောင်စေခဲ့ တာပါ ။ ချည်မျှင်နဲ့ အထည်စက်ရုံလုပ်ငန်းတွေ ကို ဓာတုချည်မျှင်တွေ တွေထည့်ပေါင်းပြီး လက်လီဈေးကွက် တွေကို ပေါက်အောင်လုပ်နိုင်လို့ သူတို့ရဲ့ကြွယ်ဝမှုကို တားမရနိုင်အောင် ဖြစ်ခဲ့ပါတယ် ။

မောင်ယဿ

REF: upi Photo : upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မေလးရွာ းစာသင္ေက်ာင္းေတြမွာ ေက်ာင္းတြင္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မ်ား တိုးတက္ေန
International-news
မေလးရွာ းစာသင္ေက်ာင္းေတြမွာ ေက်ာင္းတြင္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မ်ား တိုးတက္ေန

မေလးရွာ းစာသင္ေက်ာင္းေတြမွာ ေက်ာင္းတြင္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မ်ား တိုးတက္ေန မေလးရွားႏိုင္ငံမွာ ၂၀၁၈ ခုႏွစ္ ေနာက္ပိုင္းကေန စၿပီးေတာ့ စာသင္ေက်ာင္းေတြမွာ ေက်ာင္းသား အခ်င္းခ်င္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မႈေတြက တျဖည္းျဖည္း တိုးတက္လာပါတယ္ ။ အရင္က ကေလးအခ်င္ခ်င္းပဲဆို တဲ့စိတ္ နဲ႔ ေျဖသာၾကေပမဲ့ ေနာက္ပိုင္းမွာ ႏွိပ္စက္ခံရတဲ့ကေလးေတြက ေက်ာင္းသြားဖို႔ အတြက္ ျငင္းဆန္ လာၾကတဲ့ အခါမွာေတာ့ ေက်ာင္းသားမိဘေတြက အဲ့ဒိကိစၥေပၚကို အာ႐ုံစိုက္လာၾကပါတယ္ ။ ေက်ာင္းသားအခ်င္းခ်င္း ညႇင္းပန္းႏွိပ္စက္မႈေတြက အမ်ိဳးမ်ိဳးရွိပါတယ္ ။ အခ်ိဳ႕ ေသသြားတဲ့ဖခင္ရဲ႕ နာမည္နဲ႔ နာမည္ေျပာင္ကို လူၾကားထဲမွာ ဝိုင္းေအာ္ေခၚၿပီး အရွက္ခြဲ တဲ့ ကိစၥမ်ိဳးကစၿပီး အတန္းထဲမွာ ကိုယ္ထိ …

႐ုရွား အေျခခံဥပေဒ အာဏါ သိမ္းခံလိုက္ရၿပီလား
International-news
႐ုရွား အေျခခံဥပေဒ အာဏါ သိမ္းခံလိုက္ရၿပီလား

႐ုရွား အေျခခံဥပေဒ အာဏါ သိမ္းခံလိုက္ရၿပီလား အေျခခံ ဥပေဒကို အေျပာင္းအလဲ လုပ္မယ္ဆိုၿပီး ႐ုရွားသမၼတ ပူတင္က မဲဆႏၵ ခံယူပြဲလုပ္တဲ့အေပၚကို အတိုက္အခံ သမားေတြက ဟာသတစ္ခု လုပ္ေနတာလို႔ ဝိုင္းၿပီး ရႈံ႕ ခ်ေနၾကပါတယ္ ။ ေမာ္စကို စာအုပ္ဆိုင္ေတြ စာအုပ္ေရာင္းေကာင္းေအာင္လို႔ မူရင္း ဥပေဒစာအုပ္ကို ဟိုနားနည္းျပင္ ဒီနားနည္းနည္းျပင္လုပ္ အေျခခံ ဥပေဒျပင္ပါတယ္ဆိုၿပီး လူၾကားေကာင္းေအာင္ လုပ္ေနပါတယ္လို႔ ဆိုၾကတယ္ ။ ကြန္ျမဴနစ္လစ္ဘရာယ္ ျပဳျပင္ေျပာင္းလဲေရး သမားေတြက ကရင္းမလင္း အစိုးရက အသက္ ၆၇ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ ပူတင္ကို သမၼတ သက္တမ္းရွည္ေအာင္ လုပ္ဖို႔ ႀကိဳးစားေနတာပါလို႔လည္း ေဝဖန္ ေနၾကပါတယ္ ။ …

ေဘာလုံး အသင္း အသက္ဆက္ႏိုင္ဖို႔ အသင္းသားေတြ စိုက္ပ်ိဳးေရး လုပ္ၿပီး ဝင္ေငြရွာ
International-news
ေဘာလုံး အသင္း အသက္ဆက္ႏိုင္ဖို႔ အသင္းသားေတြ စိုက္ပ်ိဳးေရး လုပ္ၿပီး ဝင္ေငြရွာ

ေဘာလုံး အသင္း အသက္ဆက္ႏိုင္ဖို႔ အသင္းသားေတြ စိုက္ပ်ိဳးေရး လုပ္ၿပီး ဝင္ေငြရွာ ဂ်ပန္ႏိုင္ငံ က ေဂ်လိဂ္ တတိယတန္းမွာ ကစားေနတဲ့ ဖူကူရွီမား ေဘာလုံး အသင္းက ေကာ္႐ိုနာဗိုင္ဗိုင္းရက္ ျပန႔္ႏွံ႔စဥ္ ကာလအတြင္းမွာ ကလပ္အသင္း ပိုင္ရွင္အေနနဲ႔ သူတို႔ကို ေငြေၾကး မေပး ႏိုင္ေတာ့လို႔ အသင္းသားေတြက အသင္း ဆက္လက္ တည္ၿမဲေအာင္ သီးပင္စားပင္ေတြ စိုက္ပ်ိဳးၿပီး ဝင္ေငြရွာခဲ့ၾကပါတယ္ ။ ဂ်ပန္မွာ ေကာ္႐ိုနာဗိုင္းရက္ေတြ စျပန႔္လို႔ ေဖေဖာ္ဝါရီလမွာ ကလပ္အသင္း ၿပိဳင္ပြဲ ေတြ ရပ္လိုက္ ကတည္းက သူတို႔က နယ္ဖက္က သူတိုရဲ႕ ေလ့က်င့္ေရး ကြင္းတစ္ဝိုက္မွာ သီးပင္စားပင္ေတြနဲ႔ အဓိကကေတာ့ ဟင္းသီးဟင္း႐ြက္ ေတြကို …