ကမာၻ႔ နံပါတ္တစ္ တင္းနစ္ကစားသမား လင္မယား ကိုဗစ္-၁၉ မိ လို႔ ပရိသတ္ကိုေတာင္းပန္

ကမာၻ႔ နံပါတ္တစ္ တင္းနစ္ကစားသမား လင္မယား ကိုဗစ္-၁၉ မိ လို႔ ပရိသတ္ကိုေတာင္းပန္
International-news

ကမာၻ႔ နံပါတ္တစ္ တင္းနစ္ကစားသမား လင္မယား ကိုဗစ္-၁၉ မိ လို႔ ပရိသတ္ကိုေတာင္းပန္

ဇြန္၂၃ရက္ေန႔ ESPN အားကစားသတင္းဌာနကေန လႊင့္တဲ့သတင္းတစ္ရပ္မွာ ကမာၻ႔နံပါတ္၁ တင္းနစ္ကစားသမား ႏိုဗက္ဂ်ိဳကိုဗစ္နဲ႔ သူ႔ဇနီးတို႔ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရွိတယ္လို႔ ေဖာ္ျပပါရွိပါတယ္ ။ ပုံမွန္အားျဖင့္ ႏိုင္ငံေက်ာ္ေတြ ကမာၻေက်ာ္ေတြ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရတယ္ဆိုတဲ့သတင္းက သိပ္ၿပီး မထူးဆန္းေတာ့ေပမဲ့ ဇြန္လ၁၂ရက္ကေန ဇူလိုင္လ ၅ရက္ေန႔အထိ ADRIA တင္းနစ္ၿပိဳင္ပြဲကို က်င္းပဖို႔ ဦးေဆာင္ေနတဲ့ ဂ်ိဳကိုဗစ္တစ္ေယာက္ ေရာဂါကူးစက္သြားတယ္ဆိုတာက နည္းနည္းထူးဆန္း ေနတယ္ ။

ဥေရာပမွာ ေကာ္႐ိုနာဗိုင္းရက္ ကူးစက္မႈက အကင္းမေသေသးတဲ့ အခ်ိန္မွာ ၿပိဳင္ပြဲ လုပ္ၿပီး ဥေရာပ အေရွ႕ပိုင္းနဲ႔ေတာင္ပိုင္းက ၿပိဳင္ပြဲ ငတ္ေနတဲ့ကစားသမားေတြ အတြက္ အားကစားဖြံ႕ၿဖိဳးဖို႔အတြက္ စီစဥ္ေပးေနခ်ိန္မွာ ပြဲစီစဥ္သူက ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံရတယ္ ဆိုေတာ့ ၿပိဳင္ပြဲကို ရပ္လိုက္ရ ပါတယ္ ။

ၿပိဳင္ပြဲက ရတဲ့ဝင္ေငြေတြကို ကိုဗစ္-၁၉ ေရာဂါတိုက္ဖ်က္ေရးအတြက္ တိုက္႐ိုက္ လႉဒါန္းမွာ လည္းျဖစ္ပါတယ္ ။ “က်ေနာ္တို႔ က ေကာ္႐ိုနာဗိုင္းရက္ အားေပ်ာ့သြားခ်ိန္မွာ ၿပိဳင္ပြဲကို စတင္ႏိုင္ဖို႔ အရင္ကတည္းက စီစဥ္ၿပီးသားပါ ။ ကံမေကာင္းခ်င္ေတာ့ ဗိုင္းရက္က က်န္ေနတုန္းပဲျဖစ္သြားတယ္ ။ ေသေရးရွင္ေရး ကအေရးႀကီးလို႔ ၿပိဳင္ပြဲကို နားလိုက္ရပါတယ္”လို႔ ဂ်ိဳကိုဗစ္က ဆိုတယ္ ။ အခုေတာ့ သူ႔ရဲ႕တြစ္တာမွာ အဲ့ဒိပြဲကို နားလိုက္ရတဲ့အတြက္ ပရိသတ္ကို ေတာင္းပန္ခဲ့ရပါတယ္ ။ သူကိုယ္တိုင္လည္း ေဆးဝါးကုသမႈကို ခံယူေနရ ပါတယ္ ။

တင္းနစ္ၿပိဳင္ပြဲေတြကို သြားဖို႔အတြက္ ကာကြယ္ေဆးထိုးထားဖို႔ အတြက္ သူ႔ကို အႀကံ ေပးခဲ့စဥ္ကလည္း သူက ျငင္းဆန္ခဲ့တဲ့အတြက္ သူ႔ကို အရင္ကတည္းက ေဝဖန္မႈေတြ ရွိခဲ့ပါတယ္ ။ ေနာက္ၿပီး စပိန္ေလာခ့္ေဒါင္း ဥပေဒကို ခ်ိဳးေဖာက္ကာ အျခားကစားေဖာ္ေတြ နဲ႔ ေလ့က်င့္ခန္းဆင္းခဲ့ တာကိုလည္း ေဝဖန္မႈ ရွိေနပါတယ္ ။ ADRIA ၿပိဳင္ပြဲ ကိုဖ်က္သိမ္းရတဲ့အျခားအေၾကာင္းတစ္ခုက ကစားသမားေတြက ပရိသက္နဲ႔ ကြင္းအျပင္မွာလက္ပြန္းတႏွီးေန တာ ရယ္ ဂ်ိဳကိုဗစ္ ကိုယ္တိုင္ ႏိုက္ကလပ္တက္ၿပီး ေပ်ာ္ပါးေနတဲ့ ဗီဒီယိုဖိုင္က လိုင္းေပၚမွာ ျပန႔္ေနတာရယ္ ေၾကာင့္ပဲျဖစ္ပါတယ္ ။

အဲ့ဒိ ကလပ္ကေန ကိုဗစ္-၁၉ ေရာဂါပိုး ကူးလာဟန္ရွိပါတယ္ ။ သူ႔အျပင္ သူ႔ဇနီးရယ္ သူနဲ႔ တြဲဖက္ ကစားတဲ့အျခားၿပိဳင္ပြဲဝင္ ၃ဦးလည္း ေရာဂါပိုး ေတြ႕ရွိခဲ့ပါတယ္ ။ အခုေတာ့ သူက သူ႔ရဲ႕တြစ္တာကေန အခုလို ျဖစ္သြားတာေၾကာင့္ ေတာင္းပန္ပါတယ္လို႔ ဆိုေနရပါတယ္ ။ သူက ေရာဂါပိုး ျဖန႔္သလိုျဖစ္သြားတဲ့ပုံစံမ်ိဳးျဖစ္ေနတဲ့ အတြက္ ေၾကာင့္ အရမ္းစိတ္မေကာင္းျဖစ္ရေၾကာင္း ဆိုပါတယ္ ။

ေမာင္ယႆ

REF: world of buzz / Photo; CNBC

Unicode

ကမ္ဘာ့ နံပါတ်တစ် တင်းနစ်ကစားသမား လင်မယား ကိုဗစ်-၁၉ မိ လို့ ပရိသတ်ကိုတောင်းပန်

ဇွန်၂၃ရက်နေ့ ESPN အားကစားသတင်းဌာနကနေ လွှင့်တဲ့သတင်းတစ်ရပ်မှာ ကမ္ဘာ့နံပါတ်၁ တင်းနစ်ကစားသမား နိုဗက်ဂျိုကိုဗစ်နဲ့ သူ့ဇနီးတို့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ဖော်ပြပါရှိပါတယ် ။ ပုံမှန်အားဖြင့် နိုင်ငံကျော်တွေ ကမ္ဘာကျော်တွေ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတယ်ဆိုတဲ့သတင်းက သိပ်ပြီး မထူးဆန်းတော့ပေမဲ့ ဇွန်လ၁၂ရက်ကနေ ဇူလိုင်လ ၅ရက်နေ့အထိ ADRIA တင်းနစ်ပြိုင်ပွဲကို ကျင်းပဖို့ ဦးဆောင်နေတဲ့ ဂျိုကိုဗစ်တစ်ယောက် ရောဂါကူးစက်သွားတယ်ဆိုတာက နည်းနည်းထူးဆန်း နေတယ် ။

ဥရောပမှာ ကော်ရိုနာဗိုင်းရက် ကူးစက်မှုက အကင်းမသေသေးတဲ့ အချိန်မှာ ပြိုင်ပွဲ လုပ်ပြီး ဥရောပ အရှေ့ပိုင်းနဲ့တောင်ပိုင်းက ပြိုင်ပွဲ ငတ်နေတဲ့ကစားသမားတွေ အတွက် အားကစားဖွံ့ဖြိုးဖို့အတွက် စီစဉ်ပေးနေချိန်မှာ ပွဲစီစဉ်သူက ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရတယ် ဆိုတော့ ပြိုင်ပွဲကို ရပ်လိုက်ရ ပါတယ် ။

ပြိုင်ပွဲက ရတဲ့ဝင်ငွေတွေကို ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် တိုက်ရိုက် လှူဒါန်းမှာ လည်းဖြစ်ပါတယ် ။ “ကျနော်တို့ က ကော်ရိုနာဗိုင်းရက် အားပျော့သွားချိန်မှာ ပြိုင်ပွဲကို စတင်နိုင်ဖို့ အရင်ကတည်းက စီစဉ်ပြီးသားပါ ။ ကံမကောင်းချင်တော့ ဗိုင်းရက်က ကျန်နေတုန်းပဲဖြစ်သွားတယ် ။ သေရေးရှင်ရေး ကအရေးကြီးလို့ ပြိုင်ပွဲကို နားလိုက်ရပါတယ်”လို့ ဂျိုကိုဗစ်က ဆိုတယ် ။ အခုတော့ သူ့ရဲ့တွစ်တာမှာ အဲ့ဒိပွဲကို နားလိုက်ရတဲ့အတွက် ပရိသတ်ကို တောင်းပန်ခဲ့ရပါတယ် ။ သူကိုယ်တိုင်လည်း ဆေးဝါးကုသမှုကို ခံယူနေရ ပါတယ် ။

တင်းနစ်ပြိုင်ပွဲတွေကို သွားဖို့အတွက် ကာကွယ်ဆေးထိုးထားဖို့ အတွက် သူ့ကို အကြံ ပေးခဲ့စဉ်ကလည်း သူက ငြင်းဆန်ခဲ့တဲ့အတွက် သူ့ကို အရင်ကတည်းက ဝေဖန်မှုတွေ ရှိခဲ့ပါတယ် ။ နောက်ပြီး စပိန်လောခ့်ဒေါင်း ဥပဒေကို ချိုးဖောက်ကာ အခြားကစားဖော်တွေ နဲ့ လေ့ကျင့်ခန်းဆင်းခဲ့ တာကိုလည်း ဝေဖန်မှု ရှိနေပါတယ် ။ ADRIA ပြိုင်ပွဲ ကိုဖျက်သိမ်းရတဲ့အခြားအကြောင်းတစ်ခုက ကစားသမားတွေက ပရိသက်နဲ့ ကွင်းအပြင်မှာလက်ပွန်းတနှီးနေ တာ ရယ် ဂျိုကိုဗစ် ကိုယ်တိုင် နိုက်ကလပ်တက်ပြီး ပျော်ပါးနေတဲ့ ဗီဒီယိုဖိုင်က လိုင်းပေါ်မှာ ပြန့်နေတာရယ် ကြောင့်ပဲဖြစ်ပါတယ် ။

အဲ့ဒိ ကလပ်ကနေ ကိုဗစ်-၁၉ ရောဂါပိုး ကူးလာဟန်ရှိပါတယ် ။ သူ့အပြင် သူ့ဇနီးရယ် သူနဲ့ တွဲဖက် ကစားတဲ့အခြားပြိုင်ပွဲဝင် ၃ဦးလည်း ရောဂါပိုး တွေ့ရှိခဲ့ပါတယ် ။ အခုတော့ သူက သူ့ရဲ့တွစ်တာကနေ အခုလို ဖြစ်သွားတာကြောင့် တောင်းပန်ပါတယ်လို့ ဆိုနေရပါတယ် ။ သူက ရောဂါပိုး ဖြန့်သလိုဖြစ်သွားတဲ့ပုံစံမျိုးဖြစ်နေတဲ့ အတွက် ကြောင့် အရမ်းစိတ်မကောင်းဖြစ်ရကြောင်း ဆိုပါတယ် ။

မောင်ယဿ

REF: world of buzz / Photo; CNBC

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မေလးရွာ းစာသင္ေက်ာင္းေတြမွာ ေက်ာင္းတြင္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မ်ား တိုးတက္ေန
International-news
မေလးရွာ းစာသင္ေက်ာင္းေတြမွာ ေက်ာင္းတြင္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မ်ား တိုးတက္ေန

မေလးရွာ းစာသင္ေက်ာင္းေတြမွာ ေက်ာင္းတြင္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မ်ား တိုးတက္ေန မေလးရွားႏိုင္ငံမွာ ၂၀၁၈ ခုႏွစ္ ေနာက္ပိုင္းကေန စၿပီးေတာ့ စာသင္ေက်ာင္းေတြမွာ ေက်ာင္းသား အခ်င္းခ်င္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မႈေတြက တျဖည္းျဖည္း တိုးတက္လာပါတယ္ ။ အရင္က ကေလးအခ်င္ခ်င္းပဲဆို တဲ့စိတ္ နဲ႔ ေျဖသာၾကေပမဲ့ ေနာက္ပိုင္းမွာ ႏွိပ္စက္ခံရတဲ့ကေလးေတြက ေက်ာင္းသြားဖို႔ အတြက္ ျငင္းဆန္ လာၾကတဲ့ အခါမွာေတာ့ ေက်ာင္းသားမိဘေတြက အဲ့ဒိကိစၥေပၚကို အာ႐ုံစိုက္လာၾကပါတယ္ ။ ေက်ာင္းသားအခ်င္းခ်င္း ညႇင္းပန္းႏွိပ္စက္မႈေတြက အမ်ိဳးမ်ိဳးရွိပါတယ္ ။ အခ်ိဳ႕ ေသသြားတဲ့ဖခင္ရဲ႕ နာမည္နဲ႔ နာမည္ေျပာင္ကို လူၾကားထဲမွာ ဝိုင္းေအာ္ေခၚၿပီး အရွက္ခြဲ တဲ့ ကိစၥမ်ိဳးကစၿပီး အတန္းထဲမွာ ကိုယ္ထိ …

႐ုရွား အေျခခံဥပေဒ အာဏါ သိမ္းခံလိုက္ရၿပီလား
International-news
႐ုရွား အေျခခံဥပေဒ အာဏါ သိမ္းခံလိုက္ရၿပီလား

႐ုရွား အေျခခံဥပေဒ အာဏါ သိမ္းခံလိုက္ရၿပီလား အေျခခံ ဥပေဒကို အေျပာင္းအလဲ လုပ္မယ္ဆိုၿပီး ႐ုရွားသမၼတ ပူတင္က မဲဆႏၵ ခံယူပြဲလုပ္တဲ့အေပၚကို အတိုက္အခံ သမားေတြက ဟာသတစ္ခု လုပ္ေနတာလို႔ ဝိုင္းၿပီး ရႈံ႕ ခ်ေနၾကပါတယ္ ။ ေမာ္စကို စာအုပ္ဆိုင္ေတြ စာအုပ္ေရာင္းေကာင္းေအာင္လို႔ မူရင္း ဥပေဒစာအုပ္ကို ဟိုနားနည္းျပင္ ဒီနားနည္းနည္းျပင္လုပ္ အေျခခံ ဥပေဒျပင္ပါတယ္ဆိုၿပီး လူၾကားေကာင္းေအာင္ လုပ္ေနပါတယ္လို႔ ဆိုၾကတယ္ ။ ကြန္ျမဴနစ္လစ္ဘရာယ္ ျပဳျပင္ေျပာင္းလဲေရး သမားေတြက ကရင္းမလင္း အစိုးရက အသက္ ၆၇ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ ပူတင္ကို သမၼတ သက္တမ္းရွည္ေအာင္ လုပ္ဖို႔ ႀကိဳးစားေနတာပါလို႔လည္း ေဝဖန္ ေနၾကပါတယ္ ။ …

ေဘာလုံး အသင္း အသက္ဆက္ႏိုင္ဖို႔ အသင္းသားေတြ စိုက္ပ်ိဳးေရး လုပ္ၿပီး ဝင္ေငြရွာ
International-news
ေဘာလုံး အသင္း အသက္ဆက္ႏိုင္ဖို႔ အသင္းသားေတြ စိုက္ပ်ိဳးေရး လုပ္ၿပီး ဝင္ေငြရွာ

ေဘာလုံး အသင္း အသက္ဆက္ႏိုင္ဖို႔ အသင္းသားေတြ စိုက္ပ်ိဳးေရး လုပ္ၿပီး ဝင္ေငြရွာ ဂ်ပန္ႏိုင္ငံ က ေဂ်လိဂ္ တတိယတန္းမွာ ကစားေနတဲ့ ဖူကူရွီမား ေဘာလုံး အသင္းက ေကာ္႐ိုနာဗိုင္ဗိုင္းရက္ ျပန႔္ႏွံ႔စဥ္ ကာလအတြင္းမွာ ကလပ္အသင္း ပိုင္ရွင္အေနနဲ႔ သူတို႔ကို ေငြေၾကး မေပး ႏိုင္ေတာ့လို႔ အသင္းသားေတြက အသင္း ဆက္လက္ တည္ၿမဲေအာင္ သီးပင္စားပင္ေတြ စိုက္ပ်ိဳးၿပီး ဝင္ေငြရွာခဲ့ၾကပါတယ္ ။ ဂ်ပန္မွာ ေကာ္႐ိုနာဗိုင္းရက္ေတြ စျပန႔္လို႔ ေဖေဖာ္ဝါရီလမွာ ကလပ္အသင္း ၿပိဳင္ပြဲ ေတြ ရပ္လိုက္ ကတည္းက သူတို႔က နယ္ဖက္က သူတိုရဲ႕ ေလ့က်င့္ေရး ကြင္းတစ္ဝိုက္မွာ သီးပင္စားပင္ေတြနဲ႔ အဓိကကေတာ့ ဟင္းသီးဟင္း႐ြက္ ေတြကို …