ကမာၻ႔ရာသီဥတုျပဳျပင္ဖို႔အတြက္ ဂ်က္ဖ္ ဘီေဇာ့က၁၀ဘီလီယံလႉမယ္
- By : Phoe Linn
- Category : International-news

ကမာၻ႔ရာသီဥတုျပဳျပင္ဖို႔အတြက္ ဂ်က္ဖ္ ဘီေဇာ့က၁၀ဘီလီယံလႉမယ္
အြန္လိုင္းမာကတ္ ဆရာႀကီး အေမဇုံရဲ႕ စီအီးအို ဂ်က္ဖ္ဘီးေဇာ့က ကမာၻ႔ရာသီစည္းခ်က္ပ်က္ျပားေနမႈကို ျပဳျပင္ရန္အတြက္ ကန္ေဒၚလာ ၁၀ ဘီလီယံ (ကုေဋ ၁၀၀၀) လႉဒါန္းမယ္လို႔ေၾကညာလိုက္ပါတယ္။ ဘီးေဇာ့က သူ႔ရဲ႕ အင္စတာဂရမ္မွာ ဘီးေဇာ့ ကမာၻ႔ရန္ပုံေငြအဖြဲ႕ တည္ေထာင္ၿပီး ကမာၻ႔ရာသီေျပာင္းလဲမႈကိုတိုက္ဖို႔အတြက္ လက္ရွိလုပ္ေနတဲ့ လုပ္ငန္းစဥ္ေတြကို တိုးျမႇင့္ဖို႔နဲ႔ နည္းလမ္းသစ္ရွာေဖြဖို႔အတြက္ သူ႔ရဲ႕ ပိုက္ဆံေတြကို အသုံးျပဳေတာ့မယ္လို႔ ေၾကညာပါတယ္။ “ဒီတစ္ကမာၻလုံးဆိုင္ရာ လုပ္ငန္းအတြက္ သိပၸံပညာရွင္ေတြ လႈံ႕ေဆာ္သူေတြ NGOေတြ အတြက္ ရန္ပုံေငြ တည္ ေထာင္ ေပး ပါ မယ္။
ကမာၻႀကီးရဲ႕ သဘာဝပတ္ဝန္းက်င္ကာကြယ္ေရး ေတြ ထိန္းသိမ္းမႈေတြ ကိုလုပ္တဲ့ ဘယ္လို ႀကိဳးပမ္းအားထုတ္မႈေတြအတြက္မဆို ျဖစ္ႏိုင္သမွ် အကူအညီေပးပါမယ္”လို႔ သူက ေရးတင္ထားပါတယ္။ ၿပီးခဲ့တဲ့လက ရာသီဥတုမွ်တမႈအေမဇုံဝန္ထမ္းမ်ား ေအာင္ျမင္မႈဆိုၿပီး လိုင္းေပၚမွာတင္ခဲ့တဲ့ ပို႔စ္ေပၚမွာ ေဝဖန္မႈေတြရွိခဲ့လို႔ ဘီးေဇာ့က အထက္ပါအတိုင္းေၾကညာလိုက္တာပါ။ ဒါေပမဲ့ အေမဇုံဝန္ထမ္း၃၅၇ ဦးပါတဲ့ အုပ္စုတစ္စုက ဒီလုပ္လုပ္တာက ကုမၸဏီစည္းကမ္းကိုခ်ိဳးေဖာက္တာနဲ႔ တူတယ္လို႔ ျငင္းဆိုၾကတယ္။ “ဘီေဇာ့ရဲ႕ ပရဟိတ လုပ္ငန္းကို သေဘာက်ပါတယ္၊ ဂုဏ္လည္းယူပါတယ္။ တစ္ဖက္ကို စဥ္းစားၾကည့္ေတာ့ သူ က တစ္ ဖက္ မွာ အ လႉ ေတြ လုပ္ ေန တယ္။
အေမဇုံ ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ အလႉလုပ္ေတာ့ တစ္ဖက္က ဝန္ထမ္းေတြရဲ႕ ရပိုင္ခြင့္က နည္းသြားတာေပါ့”လို႔ အဲ့ဒိအဖြဲ႕က ဆိုတယ္။ ေနာက္တစ္ခုက အေမဇုံဆိုတာ အြန္လိုင္းမာကတ္ႀကီးေလ ေလထုအဆိပ္မသင့္ေအာင္လို႔ ေရနံေတြ ဒီဇယ္ေတြ မထုတ္လုပ္ ေအာင္တားဆီးရင္ အေမဇုံ ေဈးကြက္ထဲမွာ အေရာင္းအဝယ္ အ သြားေတာ့ ဝင္ေငြ ဘယ္ကရမလဲ ျဖစ္ေနတယ္။ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းဖို႔အတြက္ ဆိုရင္ေတာ့ ေဈးကြက္က ထိခိုက္လာလိမ့္မယ္။ အဲဒါဆိုရင္ အေမဇုံ ရဲ႕ဝင္ေငြေတြ လည္းထိခိုက္ လာမွာေပါ့။ အေရာင္းအဝယ္ျဖစ္မွ အေမဇုံက ဝင္ေငြရမွာေလ။ အေရာင္း အဝယ္ မျဖစ္ေအာင္ လုပ္ရင္ ေတာ့ အေမဇုံ ပါ ရပ္ သြား မွာ ေပါ့ လို႔ ေဝ ဖန္ သူ ေတြ က ေဝ ဖန္ ၾက ပါ တယ္။
ေမာင္ယႆ ref: upi photo ;upi
Unicode
ကမ္ဘာ့ရာသီဥတုပြုပြင်ဖို့အတွက် ဂျက်ဖ် ဘီဇော့က၁၀ဘီလီယံလှူမယ်
အွန်လိုင်းမာကတ် ဆရာကြီး အမေဇုံရဲ့ စီအီးအို ဂျက်ဖ်ဘီးဇော့က ကမ္ဘာ့ရာသီစည်းချက်ပျက်ပြားနေမှုကို ပြုပြင်ရန်အတွက် ကန်ဒေါ်လာ ၁၀ ဘီလီယံ (ကုဋေ ၁၀၀၀) လှူဒါန်းမယ်လို့ကြေညာလိုက်ပါတယ်။ ဘီးဇော့က သူ့ရဲ့ အင်စတာဂရမ်မှာ ဘီးဇော့ ကမ္ဘာ့ရန်ပုံငွေအဖွဲ့ တည်ထောင်ပြီး ကမ္ဘာ့ရာသီပြောင်းလဲမှုကိုတိုက်ဖို့အတွက် လက်ရှိလုပ်နေတဲ့ လုပ်ငန်းစဉ်တွေကို တိုးမြှင့်ဖို့နဲ့ နည်းလမ်းသစ်ရှာဖွေဖို့အတွက် သူ့ရဲ့ ပိုက်ဆံတွေကို အသုံးပြုတော့မယ်လို့ ကြေညာပါတယ်။ “ဒီတစ်ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းအတွက် သိပ္ပံပညာရှင်တွေ လှုံ့ဆော်သူတွေ NGOတွေ အတွက် ရန်ပုံငွေ တည် ထောင် ပေး ပါ မယ်။
ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး တွေ ထိန်းသိမ်းမှုတွေ ကိုလုပ်တဲ့ ဘယ်လို ကြိုးပမ်းအားထုတ်မှုတွေအတွက်မဆို ဖြစ်နိုင်သမျှ အကူအညီပေးပါမယ်”လို့ သူက ရေးတင်ထားပါတယ်။ ပြီးခဲ့တဲ့လက ရာသီဥတုမျှတမှုအမေဇုံဝန်ထမ်းများ အောင်မြင်မှုဆိုပြီး လိုင်းပေါ်မှာတင်ခဲ့တဲ့ ပို့စ်ပေါ်မှာ ဝေဖန်မှုတွေရှိခဲ့လို့ ဘီးဇော့က အထက်ပါအတိုင်းကြေညာလိုက်တာပါ။ ဒါပေမဲ့ အမေဇုံဝန်ထမ်း၃၅၇ ဦးပါတဲ့ အုပ်စုတစ်စုက ဒီလုပ်လုပ်တာက ကုမ္ပဏီစည်းကမ်းကိုချိုးဖောက်တာနဲ့ တူတယ်လို့ ငြင်းဆိုကြတယ်။ “ဘီဇော့ရဲ့ ပရဟိတ လုပ်ငန်းကို သဘောကျပါတယ်၊ ဂုဏ်လည်းယူပါတယ်။ တစ်ဖက်ကို စဉ်းစားကြည့်တော့ သူ က တစ် ဖက် မှာ အ လှူ တွေ လုပ် နေ တယ်။
အမေဇုံ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလှူလုပ်တော့ တစ်ဖက်က ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်က နည်းသွားတာပေါ့”လို့ အဲ့ဒိအဖွဲ့က ဆိုတယ်။ နောက်တစ်ခုက အမေဇုံဆိုတာ အွန်လိုင်းမာကတ်ကြီးလေ လေထုအဆိပ်မသင့်အောင်လို့ ရေနံတွေ ဒီဇယ်တွေ မထုတ်လုပ် အောင်တားဆီးရင် အမေဇုံ ဈေးကွက်ထဲမှာ အရောင်းအဝယ် အ သွားတော့ ဝင်ငွေ ဘယ်ကရမလဲ ဖြစ်နေတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက် ဆိုရင်တော့ ဈေးကွက်က ထိခိုက်လာလိမ့်မယ်။ အဲဒါဆိုရင် အမေဇုံ ရဲ့ဝင်ငွေတွေ လည်းထိခိုက် လာမှာပေါ့။ အရောင်းအဝယ်ဖြစ်မှ အမေဇုံက ဝင်ငွေရမှာလေ။ အရောင်း အဝယ် မဖြစ်အောင် လုပ်ရင် တော့ အမေဇုံ ပါ ရပ် သွား မှာ ပေါ့ လို့ ဝေ ဖန် သူ တွေ က ဝေ ဖန် ကြ ပါ တယ်။
မောင်ယဿ ref: upi photo ;upi
No Comments