ကမာၻ႔စံခ်ိန္တင္ ခ်ယ္ရီသီးကို အီတလီ ေမာင္ႏွမ၂ေယာက္ေတြ႕ရွိ

ကမာၻ႔စံခ်ိန္တင္ ခ်ယ္ရီသီးကို အီတလီ ေမာင္ႏွမ၂ေယာက္ေတြ႕ရွိ
International-news

ကမာၻ႔စံခ်ိန္တင္ ခ်ယ္ရီသီးကို အီတလီ ေမာင္ႏွမ၂ေယာက္ေတြ႕ရွိ

အီတလီက ေမာင္ႏွမ ၂ေယာက္က သူတို႔ရဲ႕စိုက္ပ်ိဳးေရးၿခံထဲမွာ ခ်ယ္ရီသီး ဘီလူးႀကီးလို႔ေခၚရမယ့္ ၁ေအာင္စနီးပါးရွိတဲ့ ခ်ယ္ရီသီး တစ္လုံးကိုေတြ႕ရွိခဲ့လို႔ ကမာ့ၻစံခ်ိန္တင္ႏိုင္ခဲ့ပါတယ္ ။ ထရီဗီဆိုျပည္နယ္ ေပဆီးၿမိဳ႕က ၿခံပိုင္ရွင္ ဇာႏိုနီတို႔ ေမာင္ႏွမ ၂ေယာက္က သူတို႔ရဲ႕ခ်ယ္ရီပင္စိုက္ပ်ိဳးတဲ့ၿခံထဲမွာ အလုပ္လုပ္ေနစဥ္မွာ အမွတ္ထင္ဘဲ ခ်ယ္ရီသီး ဘီလူးႀကီး ကို ႐ြက္ အုပ္သီးအျဖစ္ ေတြ႕ျမင္ ခဲ့ၾကတာပါ ။

သူတို႔ေတြ႕ရွိခဲ့တဲ့ ခ်ယ္ရီသီးက ဝ.၈၈ ေအာင္စရွိခဲ့ၿပီး အရင္က ကမာၻ႔ စံခ်ိန္တင္ ခ်ယ္ရီသီးက ဝ.၈၄ ေအာင္စပဲရွိ တာမို႔လို႔ သူတို႔ရဲ႕ခ်ယ္ရီသီးက အႀကီးဆုံး ခ်ယ္ရီသီး ျဖစ္ခဲ့ရပါတယ္ ။ ခက္တာက သူတို႔က အဲ့ဒိ ခ်ယ္ရီသီးကို ကမာၻ႔အႀကီးဆုံး ခ်ယ္ရီသီး အျဖစ္ မွတ္တမ္း သြင္းဖို႔ ဂင္းနစ္စံခ်ိန္ စာရင္းျပဳစုေရး အဖြဲ႕ ကို အျခားၿမိဳ႕ကေန ဖိတ္ေခၚရမွာျဖစ္ပါတယ္ ။ ခ်ယ္ရီသီး မပုပ္ခင္မွာ အဲ့ဒိအဖြဲ႕ ကို ေရာက္ေအာင္ ေခၚရမွာျဖစ္လို႔ ေလယာဥ္ စရိတ္ က်ခံ ေပးရမွာျဖစ္လို႔ သူတို႔မတတ္ႏိုင္ခဲ့ပါ ။

ေလယာဥ္စရိတ္က ကန္ေဒၚလာ ၇၂၅ ေဒၚလာ က်ခံရမွာျဖစ္ပါတယ္ ။ ဘာပဲျဖစ္ျဖစ္ သူတို႔က ဂင္းနစ္ စံခ်ိန္တင္ အဖြဲ႕ဆီကို သူတို႔ရဲ႕ ခ်ယ္ရီသီး အေၾကာင္းကို ဓာတ္ပုံေတြ ဗီဒီယိုဖိုင္ ေပးပို႔ၿပီး အေၾကာင္းၾကား ႏိုင္ခဲ့ပါတယ္ ။ ဂင္းနစ္အဖြဲ႕ က ကိုယ္တိုင္ မၾကည့္ရတဲ့ အတြက္ေၾကာင့္ ၿခံပိုင္ရွင္ ေမာင္ႏွမကို လက္မွတ္ မခ်ီးျမႇင့္ ႏိုင္ခဲ့ပါ ။

ဒါေပမဲ့ သူတို႔က အဲ့ဒီေမာင္ႏွမ ပို႔လိုက္တဲ့ ဗီဒီယိုဖိုင္ကိုေတာ့ မွတ္တမ္းတင္ေပးခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ နဂို ဝ.၈၄ ေအာင္စရွိတဲ့ ခ်ယ္ရီသီးကသာလွ်င္ တရားဝင္ ကမာၻ႔ အႀကီး ဆုံး ခ်ယ္ရီသီးအျဖစ္ ဆက္လက္ ရွိေနခဲ့ပါတယ္ ။ အဲ့ဒိ အသီးကေတာ့ခ်ီလီႏိုင္ငံက ပါတာဂီုနီးယားဆိုတဲ့ သူက ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလက စံခ်ိန္တင္ခဲ့တာပါ ။

ေမာင္ယႆ

REF: upi / Photo; fresh fruit portal

Unicode

ကမ္ဘာ့စံချိန်တင် ချယ်ရီသီးကို အီတလီ မောင်နှမ၂ယောက်တွေ့ရှိ

အီတလီက မောင်နှမ ၂ယောက်က သူတို့ရဲ့စိုက်ပျိုးရေးခြံထဲမှာ ချယ်ရီသီး ဘီလူးကြီးလို့ခေါ်ရမယ့် ၁အောင်စနီးပါးရှိတဲ့ ချယ်ရီသီး တစ်လုံးကိုတွေ့ရှိခဲ့လို့ ကမာ့္ဘစံချိန်တင်နိုင်ခဲ့ပါတယ် ။ ထရီဗီဆိုပြည်နယ် ပေဆီးမြို့က ခြံပိုင်ရှင် ဇာနိုနီတို့ မောင်နှမ ၂ယောက်က သူတို့ရဲ့ချယ်ရီပင်စိုက်ပျိုးတဲ့ခြံထဲမှာ အလုပ်လုပ်နေစဉ်မှာ အမှတ်ထင်ဘဲ ချယ်ရီသီး ဘီလူးကြီး ကို ရွက် အုပ်သီးအဖြစ် တွေ့မြင် ခဲ့ကြတာပါ ။

သူတို့တွေ့ရှိခဲ့တဲ့ ချယ်ရီသီးက ဝ.၈၈ အောင်စရှိခဲ့ပြီး အရင်က ကမ္ဘာ့ စံချိန်တင် ချယ်ရီသီးက ဝ.၈၄ အောင်စပဲရှိ တာမို့လို့ သူတို့ရဲ့ချယ်ရီသီးက အကြီးဆုံး ချယ်ရီသီး ဖြစ်ခဲ့ရပါတယ် ။ ခက်တာက သူတို့က အဲ့ဒိ ချယ်ရီသီးကို ကမ္ဘာ့အကြီးဆုံး ချယ်ရီသီး အဖြစ် မှတ်တမ်း သွင်းဖို့ ဂင်းနစ်စံချိန် စာရင်းပြုစုရေး အဖွဲ့ ကို အခြားမြို့ကနေ ဖိတ်ခေါ်ရမှာဖြစ်ပါတယ် ။ ချယ်ရီသီး မပုပ်ခင်မှာ အဲ့ဒိအဖွဲ့ ကို ရောက်အောင် ခေါ်ရမှာဖြစ်လို့ လေယာဉ် စရိတ် ကျခံ ပေးရမှာဖြစ်လို့ သူတို့မတတ်နိုင်ခဲ့ပါ ။

လေယာဉ်စရိတ်က ကန်ဒေါ်လာ ၇၂၅ ဒေါ်လာ ကျခံရမှာဖြစ်ပါတယ် ။ ဘာပဲဖြစ်ဖြစ် သူတို့က ဂင်းနစ် စံချိန်တင် အဖွဲ့ဆီကို သူတို့ရဲ့ ချယ်ရီသီး အကြောင်းကို ဓာတ်ပုံတွေ ဗီဒီယိုဖိုင် ပေးပို့ပြီး အကြောင်းကြား နိုင်ခဲ့ပါတယ် ။ ဂင်းနစ်အဖွဲ့ က ကိုယ်တိုင် မကြည့်ရတဲ့ အတွက်ကြောင့် ခြံပိုင်ရှင် မောင်နှမကို လက်မှတ် မချီးမြှင့် နိုင်ခဲ့ပါ ။

ဒါပေမဲ့ သူတို့က အဲ့ဒီမောင်နှမ ပို့လိုက်တဲ့ ဗီဒီယိုဖိုင်ကိုတော့ မှတ်တမ်းတင်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့် နဂို ဝ.၈၄ အောင်စရှိတဲ့ ချယ်ရီသီးကသာလျှင် တရားဝင် ကမ္ဘာ့ အကြီး ဆုံး ချယ်ရီသီးအဖြစ် ဆက်လက် ရှိနေခဲ့ပါတယ် ။ အဲ့ဒိ အသီးကတော့ချီလီနိုင်ငံက ပါတာဂီုနီးယားဆိုတဲ့ သူက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက စံချိန်တင်ခဲ့တာပါ ။

မောင်ယဿ

REF: upi / Photo; fresh fruit portal

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …