
ကမာၻဆီကို ဦးတည္လာတဲ့ ၿဂိဳဟ္သိမ္က လူသားေတြကို အႏၲရာယ္ မျဖစ္ေစေလာက္ဘူးလို႔ ဆို
လာမယ့္ ဧၿပီလထဲမွာ ကမာၻေျမဆီ ဦးတည္ေရာက္ရွိ လာမယ့္ ၿဂိဳဟ္သိမ္ ၿဂိဳဟ္မႊားက ကမာၻေျမနဲ႔ မထိခိုက္ဘဲ လြဲေခ်ာ္သြားမွာပါလို႔ သိပၸံပညာရွင္ေတြက ဆိုပါတယ္။
နကၡတ္ေဗဒ ပညာရွင္ ဂ်ိမ္း ဒိုေနာ့ခ္ဟူးက ၂၀၂၀ ဧၿပီလ၂၉ ရက္ေန႔မွာ ကမာၻကို ဦးတည္လာတဲ့ ၿဂိဳဟ္သိမ္ ေရာက္ရွိေတာ့မွာပါ။ ကမာၻကို ထိခိုက္မႈမရွိႏိုင္ဘဲ ကမာၻနားက ျဖတ္သြားမွာပါ။ ဒါေၾကာင့္ လူသားေတြကို အႏၲရာယ္ မျဖစ္ေစႏိုင္ပါဘူး လို႔ ဆိုတယ္။
၅၂၇၆၈ လို႔ ေခၚတဲ့ ၿဂိဳဟ္သိမ္ကို ၁၉၉၈ ကတည္းက နာဆာက ေျခရာ ခံမိတာပါ။ အဲ့ဒီအရာက ကမာၻဆီကို ဦးတည္ လာေနပါတယ္ လို႔ ေတြ႕ရွိထားပါတယ္။ အခ်င္း ၄.၁ ကီလိုမီတာ အခ်င္းရွိတယ္လို႔ ခန႔္မွန္းထားပါတယ္။
ကမာၻကို ဦးတည္လာတဲ့ ၿဂိဳဟ္သိမ္ ေတာ္ေတာ္မ်ားမ်ားက မီတာ ၁၀၀ မီတာ ၂၀၀ ေလာက္ပဲ အခ်င္း ရွိပါတယ္။ အဲ့ဒါေၾကာင့္ ကမာၻေလထုကို ျဖတ္သန္း ဝင္လာတဲ့အခါမွာ ေလထုရဲ႕ ပြတ္မႈေၾကာင့္ ေလာင္ကြၽမ္းၿပီး ကမာၻကို ထိခိုက္အႏၲရာယ္ မျဖစ္ေစႏိုင္ ခဲ့ပါဘူး။
ဒီ ၅၂၇၆၈ ရဲ႕ အခ်င္းက မီတာ ၄ ေထာင္ေက်ာ္ ရွိတဲ့အတြက္ေၾကာင့္ ေလထုက အဲ့ဒိ ၿဂိဳဟ္သိမ္ကို ကုန္ေအာင္ ေလာင္ကြၽမ္းမႈ မျပဳႏိုင္ခဲ့ရင္ ေရထဲက်ရင္ ဆူနာမီႀကီးတစ္ခု ျဖစ္သြားေစႏိုင္ၿပီး ကုန္ေပၚက်ရင္ န်ဴကလိယဗုံးေတြ ေဖာက္ခြဲ လိုက္သလို ျပင္းထန္တဲ့ ေပါက္ကြဲမႈႀကီး ျဖစ္သြားႏိုင္ပါတယ္။
နာဆာကေတာ့ ကမာၻ႔ အႏၲရာယ္အႀကီးဆုံး ၿဂိဳဟ္သိမ္လို႔ ကင္ပြန္းတပ္ ထားပါတယ္။
ဒိုေနာ့ခ္ဟူးကေတာ့ ၿဂိဳဟ္သိမ္ရဲ႕ အ႐ြယ္အစား အကြာအေဝး ကမာၻ႔ ပတ္လမ္း အေနအထားကို တြက္ၿပီးေတာ့ ကမာၻကို တိုက္မိဖို႔ မျဖစ္ႏိုင္ဘူး ။ လြဲေခ်ာ္ သြားလိမ့္မယ္။ ဒါေပမဲ့ အနားကို ကပ္ၿပီး ျဖတ္သြားမွာလို႔ ဆိုတယ္။
တစ္ခုထည့္ၿပီး တြက္ရာမွာက ကမာၻနဲ႔ အလြန္နီးကပ္စြာ ျဖတ္သြားရင္ ကမာၻေျမဆြဲအားကို အဲ့ ဒိၿဂိဳဟ္သိမ္ ႐ုန္းႏိုင္ မ႐ုန္းႏိုင္ကေတာ့ တြက္လို႔ မရႏိုင္ဘူးလို႔ ဆိုတယ္။
အနီးဆုံး တြက္ဆမႈကေတာ့ ကမာၻနဲ႔ လနဲ႔ အကြာအေဝးထက္ ၁၆ ဆေလာက္ကေန ျဖတ္သြားမယ္လို႔ မွန္းရပါတယ္။
သာမန္မ်က္ေစ့ နဲ႔ ျမင္ခြင့္မရဘဲ မွန္ေျပာင္းနဲ႔သာ ၾကည့္မွရမွာပါ။ ေကာင္းကင္က ၾကည္လင္ေနရင္ အစက္ကေလး တစ္စက္ျဖတ္သန္း သြားတာကိုပဲ ေတြ႕ရမွာပါ။
ေမာင္ယႆ REF: euro news
Photo; economics times
Unicode
ကမ္ဘာဆီကို ဦးတည်လာတဲ့ ဂြိုဟ်သိမ်က လူသားတွေကို အန္တရာယ် မဖြစ်စေလောက်ဘူးလို့ ဆို
လာမယ့် ဧပြီလထဲမှာ ကမ္ဘာမြေဆီ ဦးတည်ရောက်ရှိ လာမယ့် ဂြိုဟ်သိမ် ဂြိုဟ်မွှားက ကမ္ဘာမြေနဲ့ မထိခိုက်ဘဲ လွဲချော်သွားမှာပါလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
နက္ခတ်ဗေဒ ပညာရှင် ဂျိမ်း ဒိုနော့ခ်ဟူးက ၂၀၂၀ ဧပြီလ၂၉ ရက်နေ့မှာ ကမ္ဘာကို ဦးတည်လာတဲ့ ဂြိုဟ်သိမ် ရောက်ရှိတော့မှာပါ။ ကမ္ဘာကို ထိခိုက်မှုမရှိနိုင်ဘဲ ကမ္ဘာနားက ဖြတ်သွားမှာပါ။ ဒါကြောင့် လူသားတွေကို အန္တရာယ် မဖြစ်စေနိုင်ပါဘူး လို့ ဆိုတယ်။
၅၂၇၆၈ လို့ ခေါ်တဲ့ ဂြိုဟ်သိမ်ကို ၁၉၉၈ ကတည်းက နာဆာက ခြေရာ ခံမိတာပါ။ အဲ့ဒီအရာက ကမ္ဘာဆီကို ဦးတည် လာနေပါတယ် လို့ တွေ့ရှိထားပါတယ်။ အချင်း ၄.၁ ကီလိုမီတာ အချင်းရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ကမ္ဘာကို ဦးတည်လာတဲ့ ဂြိုဟ်သိမ် တော်တော်များများက မီတာ ၁၀၀ မီတာ ၂၀၀ လောက်ပဲ အချင်း ရှိပါတယ်။ အဲ့ဒါကြောင့် ကမ္ဘာလေထုကို ဖြတ်သန်း ဝင်လာတဲ့အခါမှာ လေထုရဲ့ ပွတ်မှုကြောင့် လောင်ကျွမ်းပြီး ကမ္ဘာကို ထိခိုက်အန္တရာယ် မဖြစ်စေနိုင် ခဲ့ပါဘူး။
ဒီ ၅၂၇၆၈ ရဲ့ အချင်းက မီတာ ၄ ထောင်ကျော် ရှိတဲ့အတွက်ကြောင့် လေထုက အဲ့ဒိ ဂြိုဟ်သိမ်ကို ကုန်အောင် လောင်ကျွမ်းမှု မပြုနိုင်ခဲ့ရင် ရေထဲကျရင် ဆူနာမီကြီးတစ်ခု ဖြစ်သွားစေနိုင်ပြီး ကုန်ပေါ်ကျရင် နျူကလိယဗုံးတွေ ဖောက်ခွဲ လိုက်သလို ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်သွားနိုင်ပါတယ်။
နာဆာကတော့ ကမ္ဘာ့ အန္တရာယ်အကြီးဆုံး ဂြိုဟ်သိမ်လို့ ကင်ပွန်းတပ် ထားပါတယ်။
ဒိုနော့ခ်ဟူးကတော့ ဂြိုဟ်သိမ်ရဲ့ အရွယ်အစား အကွာအဝေး ကမ္ဘာ့ ပတ်လမ်း အနေအထားကို တွက်ပြီးတော့ ကမ္ဘာကို တိုက်မိဖို့ မဖြစ်နိုင်ဘူး ။ လွဲချော် သွားလိမ့်မယ်။ ဒါပေမဲ့ အနားကို ကပ်ပြီး ဖြတ်သွားမှာလို့ ဆိုတယ်။
တစ်ခုထည့်ပြီး တွက်ရာမှာက ကမ္ဘာနဲ့ အလွန်နီးကပ်စွာ ဖြတ်သွားရင် ကမ္ဘာမြေဆွဲအားကို အဲ့ ဒိဂြိုဟ်သိမ် ရုန်းနိုင် မရုန်းနိုင်ကတော့ တွက်လို့ မရနိုင်ဘူးလို့ ဆိုတယ်။
အနီးဆုံး တွက်ဆမှုကတော့ ကမ္ဘာနဲ့ လနဲ့ အကွာအဝေးထက် ၁၆ ဆလောက်ကနေ ဖြတ်သွားမယ်လို့ မှန်းရပါတယ်။
သာမန်မျက်စေ့ နဲ့ မြင်ခွင့်မရဘဲ မှန်ပြောင်းနဲ့သာ ကြည့်မှရမှာပါ။ ကောင်းကင်က ကြည်လင်နေရင် အစက်ကလေး တစ်စက်ဖြတ်သန်း သွားတာကိုပဲ တွေ့ရမှာပါ။
မောင်ယဿ REF: euro news
Photo; economics times
No Comments