ကဘူးလေဆိပ် နားကို ဒုံးကျည်တွေ နဲ့ လှမ်းပစ်ပြီ ၊ ဆုတ်ခွာမှုကို မရပ်တန့်ဘဲဆက်လုပ်ဖို့အမိန့်ပေးထား
- By : Kaung Khant
- Category : International-news

ကဘူးလေဆိပ် နားကို ဒုံးကျည်တွေ နဲ့ လှမ်းပစ်ပြီ ၊ ဆုတ်ခွာမှုကို မရပ်တန့်ဘဲဆက်လုပ်ဖို့အမိန့်ပေးထား
မောင်ယဿ ( သြဂုတ် ၃၀ )
ဒီနေ့ မနက်ပိုင်း မှာ အာဖဂန်ကနေ ဆုတ်ခွာနေတဲ့ နိုင်ငံခြားသားများနဲ့ အာဖဂန်သားများ ရှိတဲ့ ကဘူး လေဆိပ်နားကို ဒုံးကျည် နဲ့ ပစ်ခတ် တိုက်ခိုက်မှု တွေရှိခဲ့ပါတယ်။
ဘယ်အဖွဲ့ အစည်း ပစ်လိုက်တယ်ဆိုတာကို ဘယ်သူမှ တာဝန်ခံမှု မရှိသလို ဘယ်နှယောက် အထိအခိုက် ရှိတယ် ဆိုတာကို လည်း ဘယ်သူက မှ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။
အမေရိကန်က အာဖဂန်ကနေ စတင်ဆုတ်ခွာမယ်လို့ ပြောကတည်းက ဥရောပ နိုင်ငံတွေဖြစ်တဲ့ ပြင်သစ် ၊ ဂျာမဏီ နဲ့ ဗြိတိန်တို့ က ကဘူး နိုင်ငံတကာ လေဆိပ်ကို ဘေကင်းဇုံ အဖြစ်သတ်မှာထားပြီး ရှင်းလင်းရေးတွေ လုပ်ထားပါတယ်။
လက်ရှိ ဒုံးကျည် နဲ့ ပစ်ခတ်တိုက်ခိုက်ခံလိုက်ရတဲ့ နေရာက လေဆိပ်နဲ့ ၃ ကီလိုလောက်သာဝေးတဲ့ ဆလင်းကာဝမ် ရပ်ကွက် ပဲဖြစ်ပါတယ်။
မျက်မြင်သက်သေ တစ်ဦး အဆိုအရ ပေါက်ကွဲသံ ၃ ခုကြားရပြီး နောက်မှာ သေနတ်ပစ်ခတ်သံတွေ ဆူညံစွာ ထွက်ပေါ်လာပါတယ်။ ပြီးနောက်မှာ တော့ ဘာမှမဖြစ်ခဲ့သလိုပဲ အရင်အတိုင်း သွားသွား လာလာတွေ ဖြစ်နေတော့တာပဲလို့ ဆိုပါတယ်။
အဲ့ဒိဒုံးကျည်တွေကို ဘယ်နေရာကပစ်လိုက်တယ်ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ အိမ်ဖြူတော်ကတော့ ကဘူးလေဆိပ်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လုပ်ဖို့နဲ့ မိနစ် ၂၀ တိုင်းကို လေယာဉ်တစ်စီးနှုန်း ထွက်နိုင်အောင်ကြိုး စားပေးဖို့ တောင်းဆို ထားပါတယ်။
မနေ့ကတော့ ကဘူးလေဆိပ်ကို အသေခံ ဗုံးခွဲတိုက်ခိုက်ဖို့အတွက် အကြမ်းဖက်သမားအများအပြား သယ်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စင်းကို အမေရိကန်ဒရုန်းက ပစ်ခတ်တိုက်ခိုက်ပြီး ရှင်းလင်နိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။
ဒေသခံ စစ်တပ်အရာရှိ တစ်ဦးကတော့ တိုက်ခိုက်လိုက်တဲ့ ကားထဲမှာ ကလေး အလောင်း ၃လောင်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အမေရိကန်အပါအဝင် နိုင်ငံ၉၈ နိုင်ငံက နိုင်ငံသားတွေက အာဖဂန်မှာ ရှိလို့ သူတို့တွေအားလုံး နဲ့ သူတို့ကို အကူအညီပေးနေတဲ့ အာဖဂန်သားတွေ အားလုံး ကို တိုင်းပြည်က ထွက်ခွာလာနိုင်ရင် ဘယ်နိုင်ငံမဆို လက်ခံဖို့အတွက် တိုင်ပင်ဆွေးနွေးမှု တွေလုပ်ထား ပါတယ်။
REF: Euronews,Photo : Credit khwaja tawifiq sediqi
Zawgyi
ကဘူးေလဆိပ္ နားကို ဒုံးက်ည္ေတြ နဲ႔ လွမ္းပစ္ၿပီ ၊ ဆုတ္ခြာမႈကို မရပ္တန႔္ဘဲဆက္လုပ္ဖို႔အမိန႔္ေပးထား

ေမာင္ယႆ ( ၾသဂုတ္ ၃၀ )
ဒီေန႔ မနက္ပိုင္း မွာ အာဖဂန္ကေန ဆုတ္ခြာေနတဲ့ ႏိုင္ငံျခားသားမ်ားနဲ႔ အာဖဂန္သားမ်ား ရွိတဲ့ ကဘူး ေလဆိပ္နားကို ဒုံးက်ည္ နဲ႔ ပစ္ခတ္ တိုက္ခိုက္မႈ ေတြရွိခဲ့ပါတယ္။
ဘယ္အဖြဲ႕ အစည္း ပစ္လိုက္တယ္ဆိုတာကို ဘယ္သူမွ တာဝန္ခံမႈ မရွိသလို ဘယ္ႏွေယာက္ အထိအခိုက္ ရွိတယ္ ဆိုတာကို လည္း ဘယ္သူက မွ ထုတ္ေဖာ္ေျပာၾကားျခင္းမရွိပါဘူး။
အေမရိကန္က အာဖဂန္ကေန စတင္ဆုတ္ခြာမယ္လို႔ ေျပာကတည္းက ဥေရာပ ႏိုင္ငံေတြျဖစ္တဲ့ ျပင္သစ္ ၊ ဂ်ာမဏီ နဲ႔ ၿဗိတိန္တို႔ က ကဘူး ႏိုင္ငံတကာ ေလဆိပ္ကို ေဘကင္းဇုံ အျဖစ္သတ္မွာထားၿပီး ရွင္းလင္းေရးေတြ လုပ္ထားပါတယ္။
လက္ရွိ ဒုံးက်ည္ နဲ႔ ပစ္ခတ္တိုက္ခိုက္ခံလိုက္ရတဲ့ ေနရာက ေလဆိပ္နဲ႔ ၃ ကီလိုေလာက္သာေဝးတဲ့ ဆလင္းကာဝမ္ ရပ္ကြက္ ပဲျဖစ္ပါတယ္။
မ်က္ျမင္သက္ေသ တစ္ဦး အဆိုအရ ေပါက္ကြဲသံ ၃ ခုၾကားရၿပီး ေနာက္မွာ ေသနတ္ပစ္ခတ္သံေတြ ဆူညံစြာ ထြက္ေပၚလာပါတယ္။ ၿပီးေနာက္မွာ ေတာ့ ဘာမွမျဖစ္ခဲ့သလိုပဲ အရင္အတိုင္း သြားသြား လာလာေတြ ျဖစ္ေနေတာ့တာပဲလို႔ ဆိုပါတယ္။
အဲ့ဒိဒုံးက်ည္ေတြကို ဘယ္ေနရာကပစ္လိုက္တယ္ဆိုတာကို ဘယ္သူမွ မသိၾကပါဘူး။ အိမ္ျဖဴေတာ္ကေတာ့ ကဘူးေလဆိပ္မွာ ကယ္ဆယ္ေရး လုပ္ငန္းေတြကို ဆက္လုပ္ဖို႔နဲ႔ မိနစ္ ၂၀ တိုင္းကို ေလယာဥ္တစ္စီးႏႈန္း ထြက္ႏိုင္ေအာင္ႀကိဳး စားေပးဖို႔ ေတာင္းဆို ထားပါတယ္။
မေန႔ကေတာ့ ကဘူးေလဆိပ္ကို အေသခံ ဗုံးခြဲတိုက္ခိုက္ဖို႔အတြက္ အၾကမ္းဖက္သမားအမ်ားအျပား သယ္ေဆာင္လာတဲ့ ဘတ္စ္ကားတစ္စင္းကို အေမရိကန္ဒ႐ုန္းက ပစ္ခတ္တိုက္ခိုက္ၿပီး ရွင္းလင္ႏိုင္ခဲ့ပါတယ္လို႔ ဆိုပါတယ္။
ေဒသခံ စစ္တပ္အရာရွိ တစ္ဦးကေတာ့ တိုက္ခိုက္လိုက္တဲ့ ကားထဲမွာ ကေလး အေလာင္း ၃ေလာင္း ေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။
အေမရိကန္အပါအဝင္ ႏိုင္ငံ၉၈ ႏိုင္ငံက ႏိုင္ငံသားေတြက အာဖဂန္မွာ ရွိလို႔ သူတို႔ေတြအားလုံး နဲ႔ သူတို႔ကို အကူအညီေပးေနတဲ့ အာဖဂန္သားေတြ အားလုံး ကို တိုင္းျပည္က ထြက္ခြာလာႏိုင္ရင္ ဘယ္ႏိုင္ငံမဆို လက္ခံဖို႔အတြက္ တိုင္ပင္ေဆြးေႏြးမႈ ေတြလုပ္ထား ပါတယ္။
REF: Euronews
Photo : khwaja tawifiq sediqi
No Comments