ကပ်ရောဂါကာလ အတွင်းမှာလည်း လိင်ကုန်သွယ်မှု ရပ်တန့်မသွားတဲ့ အမေရိကန် -မက္ကဆီကို နယ်စပ်

ကပ်ရောဂါကာလ အတွင်းမှာလည်း လိင်ကုန်သွယ်မှု ရပ်တန့်မသွားတဲ့ အမေရိကန် -မက္ကဆီကို နယ်စပ်
International-news

ကပ်ရောဂါကာလ အတွင်းမှာလည်း လိင်ကုန်သွယ်မှု ရပ်တန့်မသွားတဲ့ အမေရိကန် -မက္ကဆီကို နယ်စပ်

ကမ္ဘာပေါ်မှာ ကိုဗစ်၁၉ ရောဂါကူးစက်ခံရသူ သန်း၂၀ နီးပါရှိလာပြီ ဖြစ်သလို အမေရိကန်မှာ ရောဂါကူးစက် ခံရသူ ၅သန်း ဖြစ်နေပါပြီ။ ကပ်ရောဂါကြီးကို ထိန်းသိမ်းဖို့အတွက် အစိုးရတွေက အိမ်တွင်းအောင်းဖို့ ညွှန်ကြားကြပါတယ်။

ဒါပေမဲ့ ဗိုက်ဆာလာရင်တော့ အိမ်ပြင်ထွက်ပြီး အစားအစာအတွက် အလုပ် လုပ်ရတော့တာပါပဲ။ ဒါပေမဲ့ စွန့်စားပြီး လုပ်ရတာပေါ့ ။ မက္ကဆီကိုမှာကတော့ အဲ့ဒိ အိမ်တွင်းအောင်းဆိုတဲ့ ညွှန်ကြားချက်က အလကားလိုပါပဲ။ ဆိုင်ရှင်ကလေးတွေ တက္ကဆီဒရိုင်ဘာတွေ နဲ့ လိင်လုပ်သားတွေ အတွက်ကတော့ အိမ်တွင်း အောင်းနေဖို့ ဆိုတာက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စဖြစ်နေပါတယ်။

ကပ်ရောဂါကာလ အတွင်းမှာလည်း လိင်ကုန်သွယ်မှု ရပ်တန့်မသွားတဲ့ အမေရိကန် -မက္ကဆီကို နယ်စပ်1

အမေရိကန်- မက္ကဆီကို နယ်စပ်နဲ့ ခဲတစ်ပစ် အကွာလောက်မှာရှိတဲ့ တီဂျူအာနာ မြို့ကလေးက လိင်လုပ်သား တစ်ယောက်ဖြစ်တဲ့ အလီဂျန်ဒရာဆိုတဲ့ အမျိုးသမီးလေးက “ ကျမ အရမ်းကြောက်ပါတယ်။

ကျမဆီကို လာကြတဲ့ ဖောက်သည်တွေမှာ ရောဂါပိုး ပါ မပါ ဆိုတာကို ဘယ်လိုမှ မသိနိုင်တော့ အလုပ်ကို ဆက်လုပ်ရမှာလား ရပ်ပစ်လိုက်ရမှာလား ဆိုတာကို တွေးလို့ မရနိုင်အောင် ဖြစ်နေတယ်”လို့ ဆိုပါတယ်။

တီဂျူအာနာ ဆိုတာ မီးအိမ်နီနီလေးတွေ နဲ့ နာမည်ကြီးတဲ့ မြို့တစ်မြို့ပါပဲ။ တစ်မြို့လုံး နီးပါးက လိင်ဖျော်ဖြေရေး လုပ်ငန်းတွေ နဲ့ အသက်မွေး နေကြတာပါ။ ရေချိုးခန်း၊ အနှိပ်ခန်း တွေက ကလပ်တိုင်း၊ ဟိုတယ်တိုင်း နဲ့ တည်းခိုခန်းတိုင်းမှာ ရှိပါတယ်။ ဒါအပြင် လမ်းဘေးတွေမှာလည်း တစ်ကိုယ်တော် လိင်လုပ်သားတွေက ဖောက်သည်တွေကို ဖိတ်ခေါ်နေတာ အများကြီးပါပဲ။

ကပ်ရောဂါကာလ အတွင်းမှာလည်း လိင်ကုန်သွယ်မှု ရပ်တန့်မသွားတဲ့ အမေရိကန် -မက္ကဆီကို နယ်စပ်2

ကယ်လီဖိုးနီးယား နယ်စပ်ကို ဖြတ်ပြီး လစဉ် ဝင်ရောက်လာတဲ့ အမေရိကန်သား ထောင်ပေါင်းများစွာက တီဂျုအာနာ ရဲ့ ဖောက်သည်ကောင်းတွေပါပဲ။ သူတို့က အဲ့ဒီမြို့လေးမှာ ပိုက်ဆံသုံးပြီး ဇိမ်လာခံ နေကြပါတယ်။ သူတို့က နယ်စပ်ကို တရားဝင်ဖြတ်လာပြီး လာကြတာပါ။

အဲ့ဒီ နယ်ကလည်း ပြည်နယ်ဥပဒေအရ လိင်လုပ်သားတွေကို ခွင့်ပြုထားတဲ့ နယ်ဖြစ်ပြီး တရားဝင် မှတ်ပုံတင်ထားတဲ့ လိင်လုပ်သားက ၈၀၀၀ကျော် ရှိပါတယ်။ မက္ကဆီကို အစိုးရက ကိုဗစ်-၁၉ရောဂါ ပြန့်နှံ့ခြင်းကို ထိန်းချုပ်ဖို့အတွက် စီပွားရေးလုပ်ငန်းတွေ အားလုံးကို ပိတ်ခိုင်းထားပေမဲ့ လက်တွေမှာတော့ နယ်စပ်မြို့ကလေးက အသက်ဝင်နေတုန်း ဖြစ်ပါတယ်။

နယ်စပ်ကို ပိတ်ထားတယ်ဆိုပေမဲ့ လမ်းမကြီးပေါ်က ဂိတ်တွေကိုပဲ ပိတ်ထားတာဖြစ်ပြီး ခြေကျင်လမ်းတွေနဲ့ တောတွင်းလမ်းတွေမှာက ဘာအစောင့်အရှောက်မှ မရှိလို့ တီဂျူအာနာ ကို အမေရိကန်သားတွေ လာရောက် ပျော်ပါး နေဆဲပါပဲ။

တီဂျူ အာနာက လိင်ဖျော်ဖြေရေး လုပ်ငန်းအားလုံးလား ဆိုတော့လည်း မဟုတ်ပါဘူး။ အချို့ လုပ်ငန်းရှင်တွေက သူတို့ရဲ့ ဝန်ထမ်း အမျိုးသမီးတွေကို စားသောက်ဖို့ပေးပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ခိုင်းပါတယ်။ ပြန်တဲ့လူက ပြန်သလို မပြန်ဘဲ နေတဲ့လူကလည်း နေနေကြပါတယ်။

ကပ်ရောဂါကာလ အတွင်းမှာလည်း လိင်ကုန်သွယ်မှု ရပ်တန့်မသွားတဲ့ အမေရိကန် -မက္ကဆီကို နယ်စပ်3

ခက်တာက အမေရိကန်ဖောက်သည်တွေက ဝင်လာဆဲ ဖြစ်နေလို့ လုပ်ငန်ရပ်ပြီး ဘယ်သူမှ မပြန်ချင်ကြတာပါ။ “စောင့်ကြည့်ရင်းနဲ့ ပဲ ကျမ ရောဂါကူးစက် ခံလိုက်ရပါတယ်။ သတိထားပြီး ဖောက်သည်ကို လက်ခံပေမဲ့ အန္တရာယ်က ကျမဆီကို ရောက်လာခဲ့ပါတယ် လို့ မြို့ကလေးမှာ အနှစ် ၂၀နီးပါလောက် လိင်လုပ်သားအဖြစ် အသက်မွေး သူက ဆိုပါတယ်။

အလုပ် မလုပ်ချင်ဘူးလား ၊စားစရာက မရှိဘူး။ မနက်ဖြန် ဆိုတာက ကျမတို့အတွက် မသေချာဘူး။ ဒါကြောင့် မလုပ်ချင်လည်း အန္တရာယ်ရှိပေမဲ့ ဒီအလုပ်ကို လုပ်နေရတယ်။ ရောဂါကူးစက်သွားပြီ ဆိုရင်တော့လည်း ဘာတတ်နိုင်မှာလဲ” လို့ သူမကဆိုတယ်။

မောင်ယဿ, REF: cnn, Photo; cnn

Zawgyi














No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …