
International-news








Unicode

ကတ်ရှမီးယားအရေး ကြားလူ မဝင်နဲ့လို့ အိန္ဒိယဆို

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ရာဗီးရှ ကူမားက ဂျမ္မူး နဲ့ ကတ်ရှမီးယား ကိစ္စအပေါ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတာရေ့စ် ရဲ့ ပြစ်တင်ပြောဆိုမှု နဲ့ ပတ်သက်ပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ တင်းမာမှု တွေက အိန္ဒိယ ပြည်တွင်းရေး ကိစ္စ ဖြစ်လို့ တတိယအဖွဲ့ တစ်ခု ဝင်ရောက် ရှင်းလင်း ပေးစရာ မလိုဘူးလို့ တင်း တင်း မာ မာ ပြော ကြား ခဲ့ ပါ တယ်။

အိန္ဒိယနဲ့ ပါကစ္စတန်း ကြားက ပြဿနာ ဖြစ်တဲ့ အတွက် တတိယအဖွဲ့ တစ်ခု ဝင်လာ ပါက ပိုမို ရှုတ်ထွေးသွားမှာ ဖြစ်တဲ့ အတွက် မဝင်လာ စေချင်ပါဘူးလို့ သူကဆိုတယ်။ ပါကစ္စတန် ကို အလည် ရောက်ရှိခဲ့တဲ့ ကုသမဂ္ဂ အထွေထွေ အတွင်းရေးမှူးက သူ့အနေ နဲ့ ၂ နိုင်ငံအဆင်မပြေ ဖြစ်နေတဲ့ ပြဿနာကို ကြားဝင် စေ့စပ် ညှိနှိုင်းပေးလို့ ရကြောင်း ၂ ဖက် အစိုးရတွေ နဲ့ လျှော့ ပေးသင့်တဲ့ အပိုင်းတွေကို လျှော့ စေ လို ကြောင်း ဆို ခဲ့ ပါ တယ်။

“အိန္ဒိယ ဖက်ကတော့ ဘာမှ အပြောင်းအလဲ မရှိပါဘူး။ အဲ့တာကို ပြည်တွင်းရေးလို့ သဘော ထားတယ်။ ပါကစ္စတန် ဘက်က မြေ ကျူးကျော်မှု ကြောင့် ဖြစ်ရတာ” လို့ ရာဗီရှက ဆိုတယ်။ ပါကစ္စတန် နဲ့ အိန္ဒိယ တိုက်ရိုက် ဆွေး နွေး လို့ ရတဲ့ ဟာကို ကြားက တတိယ ပါတီ ဝင်ရှုတ် မှ အကျယ် အကျယ်တွေ ဖြစ်ကုန်ပြီး မထိ ရောက်တာတွေ ဖြစ်သွားနိုင်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူး တစ်ယောက်အနေ နဲ့ လုပ်သင့် လုပ်ထိုက်တာက နယ်ခြားစည်းမှာ အကြမ်းဖက်မှု တွေကို လုပ်နေတဲ့ အကြမ်းဖက် အဖွဲ့တွေကို ပါကစ္စတန်အနေ နဲ့ အားမပေးဖို့ တားမြစ်ရမှာ လိုa့ ၎င်းက ဆက်လက် ပြောကြား သွားပါ တယ်။ဂူတာ ရေ့စ်ကတော့ နယ်စပ်က ၂ နိုင်ငံ စစ်တပ် တွေ ရဲ့ စစ်အင်အားတွေကို လျှော့ချဖို့ ကို အရင် လုပ်စေချင်ကြောင်း ဆိုပါတယ်။

ဂူတာရေ့စ်က ပါကစ္စတန် နိုင်ငံခြား ရေးဝန်ကြီး မိုဟာမက် ကာရီရှီ နဲ့ တွေ့ဆုံခဲ့ပြီး နောက် သူ့ရဲ့ အကြံ ပေးချက်တွေကို ယာယီအားဖြင့် သဘော တူပေးထာကြောင်း “ကုလသမဂ္ဂ နဲ့ လုံခြုံရေး ကောင်းစီ သဘောထား က တော့ ဂျမ္မူး နဲ့ ကတ်ရှမီးယား နယ်တွေ အေးချမ်း သာယာဖို့ နဲ့ ငြိမ်းချမ်းဖို့ အတွက်ပဲ ရှေးရှု့ပါတယ်” လို့ ဆိုတယ်.။

ဒါပေမဲ့ အိန္ဒိယ က တော့ ကုလသမဂ္ဂ မက လို့ ဘာ အဖွဲ့ လာလာ လက် မ ခံ ဘူး လို့ ဆို တယ်။

မောင်ယဿ REF:inshort photo :indian times

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …