ကင္ဆာကုသမႈ ေဘးထြက္ဆိုးက်ိဳးကို အပ္စိုက္ကုသျခင္းျဖင့္ သက္သာ

Health

ကင္ဆာကုသမႈ ေဘးထြက္ဆိုးက်ိဳးကို အပ္စိုက္ကုသျခင္းျဖင့္ သက္သာ

တကၠဆတ္ ျပည္နယ္ ဟူစတန္ ၿမိဳ႕ အန္ဒါဆန္ေဆးတကၠသိုလ္ ကင္ဆာဌာန ပါေမာကၡ ေလာရင္ဇိုကိုဟန္ ဦးေဆာင္ ေသာ အဖြဲ႕က ကင္ဆာေရာဂါ ကုသရန္ အေမရိကန္ႏွင့္ တ႐ုတ္ ႏိုင္ငံမွ လူနာ ၃၃၈ ေယာက္ကို ဓာတ္ေရာင္ျခည္ေပး ကုသၿပီးေနာက္ ၂စု ခြဲကာ အပ္စိုက္ ကုသမႈ စမ္းသက္ခဲ့ပါတယ္ ။

ဦးေခါင္းႏွင့္ လည္ပင္း ဆိုင္ရာ ကင္ဆာ ေရာဂါသည္ မ်ားကို ဓာတ္ေရာင္ျခည္ေပး ကုသရာမွာ ေဘးထြက္ ဆိုက်ိဳးျဖစ္တဲ့ ခံတြင္း ေျခာက္ျခင္းကို ကုသဖို႔ အပ္စိုက္ ပညာနဲ႔ စမ္းသက္ ၾကည့္တာပါ ။

ဓာတ္ေရာင္ျခည္ ေပးေနတဲ့ ကာလအတြင္း တစ္ပတ္ကို ၃ႀကိမ္ႏႈန္းနဲ႔ အဖြဲ႕တစ္ဖြဲ႕ကို အပ္စိုက္ကုသေစပါတယ္ ။ အပ္စိုက္ ကုသတဲ့ အဖြဲ႕ ၈၀ ရာခိုင္ႏႈန္းက ဓာတ္ေရာင္ျခည္ေပး ကုသမႈ ေနာက္ပိုင္းတြင္ ခံတြင္း ေျခာက္ျခင္း ျပႆနာကို မႀကဳံရ ေတာ့ပဲ ပုံမွန္ ကုသမႈ ယူသူမ်ားကေတာ့ ခံတြင္း ေျခာက္ျခင္း ျပႆနာကို တစ္ႏွစ္ သို႔မဟုတ္ တစ္ႏွစ္ထက္ ပိုခံစားရတယ္လို႔ ေလ့လာမႈ အသစ္က ဆိုတယ္ ။

“ဓာတ္ေရာင္ျခည္ ကုသမႈ ေနာက္ပိုင္း ျပႆနာက ခံတြင္း ေျခာက္ျခင္းပါပဲ ။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီကိစၥက ေရွာင္လြဲလို႔ မရဘူး ျဖစ္ေနတယ္ ။ ဒါေပမဲ့ အပ္စိုက္ ကုသမႈနဲ႔ ခံတြင္းေျခာက္ျခင္း က ဘယ္လို ဆက္စပ္မႈ ရွိေနတယ္ ဆိုတာ ကိုေတာ့ ဆက္လက္ ေလ့လာ ရဦးမွာပါ ။

အဲ့ဒိ ခံတြင္းေျခာက္ျခင္းက အခန႔္မသင့္ရင္ နာတာရွည္ ျဖစ္သြားႏိုင္တယ္ ။ အဲ့ဒါေၾကာင့္ လူမႈေရးဆိုင္ရာ အခက္အခဲ မျဖစ္ေစေအာင္ အဲ့ဒိ ေရာဂါကို ကုသဖို႔ အေရးတႀကီး လိုအပ္ပါတယ္ ” လို႔ ပါေမာကၡ ေလာရင္ဇိုက ဆိုတယ္ ။

ဒီသတင္းက JAMA network open မွ ဘာသာျပန္ယူ ထားတာပါ ။ ခံတြင္းေျခာက္ျခင္းနဲ႔ ပတ္သက္ၿပီး အေသးစိတ္ သိလိုပါက American society of clinical oncology မွာ ဖတ္ရႈ႕ႏိုင္ပါတယ္။

ေမာင္ယႆ REF: UPI

Unicode

ကင်ဆာကုသမှု ဘေးထွက်ဆိုးကျိုးကို အပ်စိုက်ကုသခြင်းဖြင့် သက်သာ

တက္ကဆတ် ပြည်နယ် ဟူစတန် မြို့ အန်ဒါဆန်ဆေးတက္ကသိုလ် ကင်ဆာဌာန ပါမောက္ခ လောရင်ဇိုကိုဟန် ဦးဆောင် သော အဖွဲ့က ကင်ဆာရောဂါ ကုသရန် အမေရိကန်နှင့် တရုတ် နိုင်ငံမှ လူနာ ၃၃၈ ယောက်ကို ဓာတ်ရောင်ခြည်ပေး ကုသပြီးနောက် ၂စု ခွဲကာ အပ်စိုက် ကုသမှု စမ်းသက်ခဲ့ပါတယ် ။

ဦးခေါင်းနှင့် လည်ပင်း ဆိုင်ရာ ကင်ဆာ ရောဂါသည် များကို ဓာတ်ရောင်ခြည်ပေး ကုသရာမှာ ဘေးထွက် ဆိုကျိုးဖြစ်တဲ့ ခံတွင်း ခြောက်ခြင်းကို ကုသဖို့ အပ်စိုက် ပညာနဲ့ စမ်းသက် ကြည့်တာပါ ။

ဓာတ်ရောင်ခြည် ပေးနေတဲ့ ကာလအတွင်း တစ်ပတ်ကို ၃ကြိမ်နှုန်းနဲ့ အဖွဲ့တစ်ဖွဲ့ကို အပ်စိုက်ကုသစေပါတယ် ။ အပ်စိုက် ကုသတဲ့ အဖွဲ့ ၈၀ ရာခိုင်နှုန်းက ဓာတ်ရောင်ခြည်ပေး ကုသမှု နောက်ပိုင်းတွင် ခံတွင်း ခြောက်ခြင်း ပြဿနာကို မကြုံရ တော့ပဲ ပုံမှန် ကုသမှု ယူသူများကတော့ ခံတွင်း ခြောက်ခြင်း ပြဿနာကို တစ်နှစ် သို့မဟုတ် တစ်နှစ်ထက် ပိုခံစားရတယ်လို့ လေ့လာမှု အသစ်က ဆိုတယ် ။

“ဓာတ်ရောင်ခြည် ကုသမှု နောက်ပိုင်း ပြဿနာက ခံတွင်း ခြောက်ခြင်းပါပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက ရှောင်လွဲလို့ မရဘူး ဖြစ်နေတယ် ။ ဒါပေမဲ့ အပ်စိုက် ကုသမှုနဲ့ ခံတွင်းခြောက်ခြင်း က ဘယ်လို ဆက်စပ်မှု ရှိနေတယ် ဆိုတာ ကိုတော့ ဆက်လက် လေ့လာ ရဦးမှာပါ ။

အဲ့ဒိ ခံတွင်းခြောက်ခြင်းက အခန့်မသင့်ရင် နာတာရှည် ဖြစ်သွားနိုင်တယ် ။ အဲ့ဒါကြောင့် လူမှုရေးဆိုင်ရာ အခက်အခဲ မဖြစ်စေအောင် အဲ့ဒိ ရောဂါကို ကုသဖို့ အရေးတကြီး လိုအပ်ပါတယ် ” လို့ ပါမောက္ခ လောရင်ဇိုက ဆိုတယ် ။

ဒီသတင်းက JAMA network open မှ ဘာသာပြန်ယူ ထားတာပါ ။ ခံတွင်းခြောက်ခြင်းနဲ့ ပတ်သက်ပြီး အသေးစိတ် သိလိုပါက American society of clinical oncology မှာ ဖတ်ရှု့နိုင်ပါတယ်။

မောင်ယဿ REF: UPI

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …