ကင္ဂ်ဳံအန္က ျမင္းသရဲဆိုတာ ႐ုရွား အေကာက္ခြန္ အခ်က္အလက္ေတြမွာပါ
- By : Kaung Khant
- Category : International-news

ကင္ဂ်ဳံအန္က ျမင္းသရဲဆိုတာ ႐ုရွား အေကာက္ခြန္ အခ်က္အလက္ေတြမွာပါ
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္က ျမင္းဆိုရင္ သရဲမရဲ ျဖစ္တတ္ေၾကာင္း နဲ႔ ႏွင္းျပင္ႀကီးေပၚမွာ ျမင္းစီးရတာကို အလြန္ ႏွစ္ၿခိဳက္ေၾကာင္း ႐ုရွား အေကာက္ခြန္ ဌာနကအခ်က္အလက္ေတြအရ သိရပါတယ္။သူ႔ကို စီးပြားေရးပိတ္ဆို႔ထားတဲ့အခါတုန္းက ေတာင္ ျမင္းေကာင္းတယ္ဆိုရင္ ပြဲစားေတြက တစ္ဆင့္ ႀကိဳက္ေဈးေပးဝယ္ပါတယ္။ ႐ုရွားပြဲစားအမ်ားစုက လြန္ခဲ့တဲ့ ၁၀စုႏွစ္ အတြင္းက ႏိုင္ငံတကာမွာ ျမင္းေကာင္း ေတြ လိုက္ဝယ္ဖူးပါတယ္။ အဲ့တုန္းက ဘာအေၾကာင္းမွန္ မသိခဲ့ၾကေပမဲ့ ႐ုရွားက ျမင္းမ်ိဳး သန႔္သန႔္ေတြကို ေျမာက္ကိုရီးယားကို တင္သြင္းခဲ့တာပါ။
အဲ့ဒိတုန္းက စာရင္းအခ်ိဳ႕အရ ေျမာက္ကိုရီးယားက ျမင္းဖိုးခ်ည္းပဲ သက္ သက္ ေဒၚလာ၅သိန္းဖိုး ေလာက္သုံးခဲ့ပါတယ္။ အဲ့ဒါ ႐ုရွားႏိုင္ငံက အေကာက္ခြန္စာရင္းမွာပါတာပဲ ရွိပါေသးတယ္။ ႐ိုက္တာ သတင္းဌာနက အဲ့ဒိအခ်က္အလက္ေပါက္ၾကားလာလို႔ သတင္းအခ်က္အလက္လိုက္ယူတာ မႏွစ္က ၂၀၁၉ တစ္ႏွစ္ထဲမွာတင္ ရွရွားႏိုင္ငံကေန ျမင္းမ်ိဳးသန႔္ ကန္ေဒၚလာ ၇ ေသာင္းခြဲ ေက်ာ္ဖိုးေလာက္ ဝယ္ယူခဲ့တယ္လို႔ သိလာရတယ္။ သူက ႐ုရွားျမင္းမ်ိဳးတင္မ ကဘဲ အိမ္နီးခ်င္း ႏိုင္ငံေတြက ျမင္းမ်ိဳးသန႔္တယ္ဆိုရင္ ႀကိဳက္ေဈးေပးဝယ္ပါတယ္လို႔ ႐ုရွား ျမင္းကုန္သည္ေတြ ဆီကေန သတင္းရပါတယ္။
၂၀၁၅ ခုႏွစ္တုန္းကဆိုရင္ ႐ုရွားႏိုင္ငံ ျမင္းကုန္သည္ေတြက ေျမာက္ကိုရီးယားကို ျမင္းသြားျပတာ ၆၁ေကာင္ကို ကန္ေဒၚလာ ၂သိန္း နီးပါးေပးဝယ္ခဲ့တယ္လို႔ ဆိုတယ္။ သူတို႔ေတြက ေျမာက္ကိုရီးယားကို ျမင္းေကာင္းေကာင္းရၿပီ ဆိုတာနဲ႔ သြားျပေလ့ရွိပါတယ္။ ၂၀၁၀ ကေန ၂၀၁၉ အထိ ႐ုရွား ျမင္းကုန္သည္ေတြ ျမင္း၁၃၈ ေကာင္ ေရာင္းခဲ့ရၿပီး ကန္ေဒၚလာ ၅သိန္း ၈ေသာင္းေက်ာ္ရခဲ့ပါတယ္။ အဲ့ဒိ အခ်ိန္ကာလက ေျမာက္ကိုရီးယားကို ႏိုင္ငံတကာက ႏႉကလိယား နဲ႔ ဒုံးက်ည္ေတြ စမ္းသက္ပစ္ လႊတ္ေနမႈေၾကာင့္ အေထြေထြ ပိတ္ဆို႔မႈလုပ္ထားလို႔ ေျမာက္ကိုရီးယား ျပည္သူေတြ အခက္အခဲ ဒုကၡေရာက္ ေနခ်ိန္ျဖစ္ပါတယ္။ ကန္ေဒၚလာ ၅ သိန္းေက်ာ္ဆိုတာ မနည္းမေနာတဲ့ ပမာဏ တစ္ခုပါ။
ကင္က ျမင္းျဖဴႀကီးကို စီးၿပီး ပက္တူေတာင္ ဆင္ေျခေလ်ာက ႏွင္းျပင္ႀကီးမွာ ဒုန္စိုင္းစီးေနတဲ့ပုံကို ေျမာက္ကိုရီးယား ဗဟိုသတင္းဌာနက ၂၀၁၉ ေအာက္တိုဘာလက လိုင္းေပၚတင္ခဲ့ပါတယ္။ ဒါအျပင္ ေျမာက္ကိုရီးယား အႀကီးတန္းအရာရွိေတြ နဲ႔ ျမင္းစီၿပီး အမဲလိုက္ပုံကိုလည္းတင္ခဲ့ပါတယ္။
ေမာင္ယႆ REF:foxnews photo ; KCNA
Unicode
ကင်ဂျုံအန်က မြင်းသရဲဆိုတာ ရုရှား အကောက်ခွန် အချက်အလက်တွေမှာပါ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က မြင်းဆိုရင် သရဲမရဲ ဖြစ်တတ်ကြောင်း နဲ့ နှင်းပြင်ကြီးပေါ်မှာ မြင်းစီးရတာကို အလွန် နှစ်ခြိုက်ကြောင်း ရုရှား အကောက်ခွန် ဌာနကအချက်အလက်တွေအရ သိရပါတယ်။သူ့ကို စီးပွားရေးပိတ်ဆို့ထားတဲ့အခါတုန်းက တောင် မြင်းကောင်းတယ်ဆိုရင် ပွဲစားတွေက တစ်ဆင့် ကြိုက်ဈေးပေးဝယ်ပါတယ်။ ရုရှားပွဲစားအများစုက လွန်ခဲ့တဲ့ ၁၀စုနှစ် အတွင်းက နိုင်ငံတကာမှာ မြင်းကောင်း တွေ လိုက်ဝယ်ဖူးပါတယ်။ အဲ့တုန်းက ဘာအကြောင်းမှန် မသိခဲ့ကြပေမဲ့ ရုရှားက မြင်းမျိုး သန့်သန့်တွေကို မြောက်ကိုရီးယားကို တင်သွင်းခဲ့တာပါ။
အဲ့ဒိတုန်းက စာရင်းအချို့အရ မြောက်ကိုရီးယားက မြင်းဖိုးချည်းပဲ သက် သက် ဒေါ်လာ၅သိန်းဖိုး လောက်သုံးခဲ့ပါတယ်။ အဲ့ဒါ ရုရှားနိုင်ငံက အကောက်ခွန်စာရင်းမှာပါတာပဲ ရှိပါသေးတယ်။ ရိုက်တာ သတင်းဌာနက အဲ့ဒိအချက်အလက်ပေါက်ကြားလာလို့ သတင်းအချက်အလက်လိုက်ယူတာ မနှစ်က ၂၀၁၉ တစ်နှစ်ထဲမှာတင် ရှရှားနိုင်ငံကနေ မြင်းမျိုးသန့် ကန်ဒေါ်လာ ၇ သောင်းခွဲ ကျော်ဖိုးလောက် ဝယ်ယူခဲ့တယ်လို့ သိလာရတယ်။ သူက ရုရှားမြင်းမျိုးတင်မ ကဘဲ အိမ်နီးချင်း နိုင်ငံတွေက မြင်းမျိုးသန့်တယ်ဆိုရင် ကြိုက်ဈေးပေးဝယ်ပါတယ်လို့ ရုရှား မြင်းကုန်သည်တွေ ဆီကနေ သတင်းရပါတယ်။
၂၀၁၅ ခုနှစ်တုန်းကဆိုရင် ရုရှားနိုင်ငံ မြင်းကုန်သည်တွေက မြောက်ကိုရီးယားကို မြင်းသွားပြတာ ၆၁ကောင်ကို ကန်ဒေါ်လာ ၂သိန်း နီးပါးပေးဝယ်ခဲ့တယ်လို့ ဆိုတယ်။ သူတို့တွေက မြောက်ကိုရီးယားကို မြင်းကောင်းကောင်းရပြီ ဆိုတာနဲ့ သွားပြလေ့ရှိပါတယ်။ ၂၀၁၀ ကနေ ၂၀၁၉ အထိ ရုရှား မြင်းကုန်သည်တွေ မြင်း၁၃၈ ကောင် ရောင်းခဲ့ရပြီး ကန်ဒေါ်လာ ၅သိန်း ၈သောင်းကျော်ရခဲ့ပါတယ်။ အဲ့ဒိ အချိန်ကာလက မြောက်ကိုရီးယားကို နိုင်ငံတကာက နှူကလိယား နဲ့ ဒုံးကျည်တွေ စမ်းသက်ပစ် လွှတ်နေမှုကြောင့် အထွေထွေ ပိတ်ဆို့မှုလုပ်ထားလို့ မြောက်ကိုရီးယား ပြည်သူတွေ အခက်အခဲ ဒုက္ခရောက် နေချိန်ဖြစ်ပါတယ်။ ကန်ဒေါ်လာ ၅ သိန်းကျော်ဆိုတာ မနည်းမနောတဲ့ ပမာဏ တစ်ခုပါ။
ကင်က မြင်းဖြူကြီးကို စီးပြီး ပက်တူတောင် ဆင်ခြေလျောက နှင်းပြင်ကြီးမှာ ဒုန်စိုင်းစီးနေတဲ့ပုံကို မြောက်ကိုရီးယား ဗဟိုသတင်းဌာနက ၂၀၁၉ အောက်တိုဘာလက လိုင်းပေါ်တင်ခဲ့ပါတယ်။ ဒါအပြင် မြောက်ကိုရီးယား အကြီးတန်းအရာရှိတွေ နဲ့ မြင်းစီပြီး အမဲလိုက်ပုံကိုလည်းတင်ခဲ့ပါတယ်။
မောင်ယဿ REF:foxnews photo ; KCNA
No Comments