
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။
ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။
အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။
မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ေဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် မျက်စိကို ခပ်လည်းခပ် လိမ်းလည်းလိမ်းပါတော့တယ်။
ရက်အနည်းငယ်မှာဘဲ ထိခိုက်တဲ့ မျက်စိဟာ ကောင်းသွားတာ လက်တွေ့ သိလိုက်ရပါတယ်။ အာ့ကစပြီး မျက်စိဆေး အနေနဲ့ သိထားတယ်ပေါ့။
ကျနော်ကိုယ်တိုင်လဲ မျက်စိဆိုင်ရာ ပြသနာရှိတာကြောင့် ညဖက်ဆို မျက်လုံးကို ကွင်းအိပ် တတ်ပါတယ်။
တစ်လောဆီက အဖိုးဆီပြန်ရင်း ကျနော့် အစ်ကို အောင်ခိုင်စိုး နဲ့ ဆုံတယ်။ သူ့မျက်စိက ရေတိမ် ဖြစ်တယ်။ ဆရာဝန်က ခွဲမပေးသေးဘူး။ မျက်စဉ်းခပ်ပြီး အရောင်ကျအောင် နေခိုင်းနေတဲ့ အခိုက်မှာ ဆုံတာပါ။
အာ့တာ အဆင်ပြေမှ ခွဲမယ်ပေါ့။ ကျနော့်ဆီ အသင့်ပါလာတဲ့ ခမ်းတောက်မြစ်ကို ပေးပြီး သွေးလိမ်းဖို့ တိုက်တွန်းဖြစ်တယ်။
သူကလဲ တိတိကျကျပါဘဲ။ နေ့ည ဆေးကို သွေး မျက်စိကို ကွင်းတယ်။ သေချာ လုပ်လာတာ။ တစ်လ မရှိတရှိမှာတော့ သူ ဆရာဝန် ပြန်ပြတယ်။ဆရာဝန်က ပြောတယ် ခွဲဖို့ မလိုတော့ဘူးတဲ့ ။ တနေ့က သူ့ဆီက ဖုန်းလာတော့ ကျနော် အတော်ဝမ်းသာရတယ်။
တစ်ဆက်တည်းမှာပဲ ပူတာအိုက ခမ်းတောက်မြစ်ကို ရန်ကုန် အထိ ပို့ပေးတဲ့ ကျနော်နဲ့ အပြင်မှာ ခုထိ မဆုံဖူးတဲ့ မိတ်ဆွေ ကိုကျော်ထူးကြီးကို မှတ်မှတ်သားသား ကျေးဇူး တင်ရပြန်တယ်။ တကယ်ပါ။
သူပို့မပေးရင် ကျနော် လူတစ်ယောက်ကို ခုလို ကျန်းမာရေး စောင့်ရှောက်မှု ခုလို ပေးနိုင်စရာ မရှိဘူးပေါ့။
နောက်ကျေးဇူးတင်ရတာက ခုချိန်ထိ ကျနော့်ကို ချစ်ခင်ပေးနေတဲ့ MNA မြန်မာ့အမျိုးသားလေကြောင်းလိုင်းက ဆရာသမားတွေ ညီအစ်ကိုတွေကိုပါ။
ကျနော့်မိတ်ဆွေများကိုလဲ လမ်းညွှန်ပါရစေ။ မျက်စေ့နဲ့ ပါတ်သက်ရင် ခမ်းတောက်မြစ်က တစ်ကယ် အစွမ်းထက်ပါတယ်။ သွေးလိမ်းတာနဲ့တင် သိသာပါတယ်။
ကျန်ခဲ့တဲ့ ရက်များဆီက ကျနော်ကိုယ်တိုင် ညာဖက်မျက်စိ သွေးကြောပေါက်ပြီး မျက်လုံးတစ်ခုလုံး သွေးရောင်လွှမ်းသွားတာပါ။ ခုတော့ ကောင်းသွားပါပြီလို့။
လှိုင်မြတ်စိုး
Zawgyi
ကခ်င္ျပည္နယ္ကထြက္တဲ႕ ေဆးဖက္၀င္ ခမ္းေတာက္ျမစ္
က်န္းမာေရးသုတ အေနနဲ႔ေရာ ေက်းဇူးတရား သိတတ္မႈ အေနနဲ႔ပါ ဒီပိုစ့္ေလး ေရးပါ့မယ္။ တိုင္းရင္းသားေတြရဲ႕ အစြမ္းထက္တဲ့ သစ္ျမစ္ သစ္ဖုေတြ အေၾကာင္းေပါ့။
ငယ္ငယ္က အေဖ နဲ႔ အတူ တာဝန္က်ရာ ျပည္နယ္ေတြမွာ ေနခဲ့ရပါတယ္။ ခ်င္းျပည္နယ္မွာ ေနတုန္းက အျဖစ္အပ်က္ တစ္ခုေပါ့။
အေဖ့တပည့္ သံကို စက္နဲ႔ျဖတ္ရင္း မ်က္စိထဲ သံစ ဝင္စိုက္ပါတယ္။ ၁၉၈၃ေလာက္က ျဖစ္ပါမယ္။ ဖလမ္းေဆး႐ုံက က်ေနာ္တို႔ စခန္းနဲ႔ဆိုရင္ ဆယ္မိုင္ေလာက္ ေဝးပါတယ္။
မ်က္စိကု ဆရာဝန္လဲ မရွိေသးပါ။ အာ့အခ်ိန္ မ်က္စိထိခိုက္ေတာ့ ေဆး႐ုံမသြားေတာ့ဘဲ ကခ်င္ဖက္က ခမ္းေတာက္ျမစ္ကို ေသြးၿပီး ခပ္ေပေပ ခပ္မိုက္မိုက္ မ်က္စိကို ခပ္လည္းခပ္ လိမ္းလည္းလိမ္းပါေတာ့တယ္။
ရက္အနည္းငယ္မွာဘဲ ထိခိုက္တဲ့ မ်က္စိဟာ ေကာင္းသြားတာ လက္ေတြ႕ သိလိုက္ရပါတယ္။ အာ့ကစၿပီး မ်က္စိေဆး အေနနဲ႔ သိထားတယ္ေပါ့။
က်ေနာ္ကိုယ္တိုင္လဲ မ်က္စိဆိုင္ရာ ျပသနာရွိတာေၾကာင့္ ညဖက္ဆို မ်က္လုံးကို ကြင္းအိပ္ တတ္ပါတယ္။
တစ္ေလာဆီက အဖိုးဆီျပန္ရင္း က်ေနာ့္ အစ္ကို ေအာင္ခိုင္စိုး နဲ႔ ဆုံတယ္။ သူ႔မ်က္စိက ေရတိမ္ ျဖစ္တယ္။ ဆရာဝန္က ခြဲမေပးေသးဘူး။ မ်က္စဥ္းခပ္ၿပီး အေရာင္က်ေအာင္ ေနခိုင္းေနတဲ့ အခိုက္မွာ ဆုံတာပါ။
အာ့တာ အဆင္ေျပမွ ခြဲမယ္ေပါ့။ က်ေနာ့္ဆီ အသင့္ပါလာတဲ့ ခမ္းေတာက္ျမစ္ကို ေပးၿပီး ေသြးလိမ္းဖို႔ တိုက္တြန္းျဖစ္တယ္။
သူကလဲ တိတိက်က်ပါဘဲ။ ေန႔ည ေဆးကို ေသြး မ်က္စိကို ကြင္းတယ္။ ေသခ်ာ လုပ္လာတာ။ တစ္လ မရွိတရွိမွာေတာ့ သူ ဆရာဝန္ ျပန္ျပတယ္။ဆရာဝန္က ေျပာတယ္ ခြဲဖို႔ မလိုေတာ့ဘူးတဲ့ ။ တေန႔က သူ႔ဆီက ဖုန္းလာေတာ့ က်ေနာ္ အေတာ္ဝမ္းသာရတယ္။
တစ္ဆက္တည္းမွာပဲ ပူတာအိုက ခမ္းေတာက္ျမစ္ကို ရန္ကုန္ အထိ ပို႔ေပးတဲ့ က်ေနာ္နဲ႔ အျပင္မွာ ခုထိ မဆုံဖူးတဲ့ မိတ္ေဆြ ကိုေက်ာ္ထူးႀကီးကို မွတ္မွတ္သားသား ေက်းဇူး တင္ရျပန္တယ္။ တကယ္ပါ။
သူပို႔မေပးရင္ က်ေနာ္ လူတစ္ေယာက္ကို ခုလို က်န္းမာေရး ေစာင့္ေရွာက္မႈ ခုလို ေပးႏိုင္စရာ မရွိဘူးေပါ့။
ေနာက္ေက်းဇူးတင္ရတာက ခုခ်ိန္ထိ က်ေနာ့္ကို ခ်စ္ခင္ေပးေနတဲ့ MNA ျမန္မာ့အမ်ိဳးသားေလေၾကာင္းလိုင္းက ဆရာသမားေတြ ညီအစ္ကိုေတြကိုပါ။
က်ေနာ့္မိတ္ေဆြမ်ားကိုလဲ လမ္းၫႊန္ပါရေစ။ မ်က္ေစ့နဲ႔ ပါတ္သက္ရင္ ခမ္းေတာက္ျမစ္က တစ္ကယ္ အစြမ္းထက္ပါတယ္။ ေသြးလိမ္းတာနဲ႔တင္ သိသာပါတယ္။
က်န္ခဲ့တဲ့ ရက္မ်ားဆီက က်ေနာ္ကိုယ္တိုင္ ညာဖက္မ်က္စိ ေသြးေၾကာေပါက္ၿပီး မ်က္လုံးတစ္ခုလုံး ေသြးေရာင္လႊမ္းသြားတာပါ။ ခုေတာ့ ေကာင္းသြားပါၿပီလို႔။
လႈိင္ျမတ္စိုး
No Comments